(6.15)

5K 582 23
                                    

Unicode

"ကိုကို....မြန်မြန်လုပ်ပါဗျ"

"အိုက်ယား....အရမ်းလောတာပဲ...."

"လောရမှာပေါ့ကိုကိုရ....ကိုကိုနဲ့အတူလျှောက်လည်ရဖို့ကျွန်တော်စောင့်တောင်မစောင့်နိုင်တော့ဘူး"

ဟေးလစ်ခ်ကအလောတကြီးအခန်းထဲကထွက်လာသည့်ရှောင်ကျန့်၏လက်လေးနှစ်ဖက်ကိုအမြတ်တနိုးဆွဲယူ၍သူ့နှုတ်ခမ်းနားဖိကပ်လိုက်သည်။

ဒီနေ့ကသူနဲ့ကိုကို့ရဲ့ First Date ဖြစ်တာကြောင့်သူ့ရင်ထဲတစ်ဒိတ်ဒိတ်ဖြင့်စိတ်လှုပ်ရှားပျော်ရွှင်နေပေသည်။ကိုကိုကဒီနေ့တွင်ပေါ့ပေါ့ပါးပါးအဖြူရောင်တီရှပ်နှင့်ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားသော်လည်းအရမ်းကိုလှပသစ်လွင်ပြီးတတ်တတ်ကြွကြွဖြင့်လူတိုင်း၏အာရုံကိုဖမ်းစားနိုင်သည်။

ဟေးလစ်ကိုယ်တိုင်ကလည်းရှောင်ကျန့်နှင့်ဆင်တူcoupleအဖြူရောင်တီရှပ်နှင့်ဂျင်းဘောင်းဘီကိုဝတ်ဆင်လို့ထားသည်။အဖြူရောင်တီရှပ်ပေါ်ကအသည်းပုံတစ်ခြမ်းဆီတည်ရှိနေခြင်းကြောင့်တွေ့သည့်မြင်သည့်မည်သူမဆိုသူတို့နှစ်ဦးမှာချစ်သူစုံတွဲတွေဖြစ်ကြောင်းသိသာစေသည်။

ဟေးလစ်ကရှားရှားပါးပါးအဖြူရောင်ဝတ်ဆင်ခဲ့သည်။ဖြူဖွေးသည့်အသားအရေ၊အချိုးအစားကျနတဲ့ခန္ဓာကိုယ်နှင့်ချောမောလွန်းသည့်မျက်နှာမှာလူငယ်ဆန်ဆန်လေးဖြင့်ဝင်းပလို့နေသည်။ဟေးလစ်ခ်၏ရုပ်ရည်မှာထင်ရှားလွန်းတာကြောင့်ယောက်ျားမိန်းမ မရွေးငေးမောမှင်သပ်သွားစေနိုင်သည်။

ရှောင်ကျန့်မှာပထမဦးဆုံးအနေဖြင့်ချောမောလွန်းတဲ့ငယ်ငယ်ရွယ်ရွယ်ချစ်သူတစ်ယောက်ရှိရခြင်းအပေါ်အနည်းငယ်စိတ်ကသိကအောင့်ဖြစ်လာသည်။သူ့ချစ်သူကိုလူတိုင်းအရူးလိုမျိုးငေးမောပြစ်မှားကြမည်ကိုသူသဝန်တိုလွန်းလှသည်။ရှောင်ကျန့်၏မျက်နှာလေးမှာရှာလကာရည်နံ့နှင့်အတူဆူပုတ်လာပြီးဟေးလစ်ခ်၏ချောလွန်းတဲ့မျက်နှာကြီးကိုဆွဲညှစ်လိုက်သည်။

"မင်းဘာလို့ဒီလောက်ထိတောင်ချောနေရတာလဲ...."

ဟေးလစ်ခ်ကပြုံးပြုံးကြီးပင်သူ့ခါးကိုငုံ့ကိုင်းပေးထားပြီးရှောင်ကျန့်စိတ်ကျေနပ်သည်အထိသူ့မျက်နှာကိုဖျစ်ညှစ်ခွင့်ပြုထားသည်။သူ့ကိုကိုရဲ့ရှာလကာရှည်နံ့သင်းနေသည့်စကားကိုကြားသည့်အခါတွင်သူ့ရင်ထဲကလိကလိဖြစ်လွန်းလို့အားရပါးရသာဆွဲဖက်ပြစ်လိုက်သည်။

system 091 Όπου ζουν οι ιστορίες. Ανακάλυψε τώρα