(1.20) [Return]

4K 539 43
                                    

Unicode

ဝမ်ရိပေါ်သည် အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက်တွင် သူ့ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်းပဲ ဘာဆက်ပြောရမှန်းမသိတော့ပေ။ ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်း ရှောင်ကျန့်ကိုသာ အူကြောင်ကြောင်မျက်နှာလေးနဲ့ စိုက်ကြည့်နေမိသည်။

သဘာဝရတနာတွေထဲမှာ တောက်ပတဲ့ပစ္စည်းတစ်ချို့ပါတာက ပုံမှန်သာဖြစ်သော်လည်းပဲ ဒီလိုသာမန်လူသားလေးတစ်ယောက်ကို ဘယ်လိုရှင်းပြရမှာလဲ။ သူရှင်းပြခဲ့ရင်တောင်နားလည်ပါ့မလားဆိုတာက နောက်ထပ်မေးခွန်းတစ်ခုဖြစ်သွားနိုင်၏။

ဝမ်ရိပေါ်၏ အူတိအူကြောင်အမူအရာကိုမြင်သည့်အခါတွင် ရှောင်ကျန့်မှာ ရယ်ချင်လာသလိုခံစားလိုက်ရသည်။ ပြီးတော့ ဝမ်းနည်းပြီးငိုချင်သည့်ခံစားချက်ကြီးတစ်ခုကလည်း ပျို့တတ်လာပြန်သည်။ ဒီမတော်တဆ အဖြစ်အပျက်အပြီးမှာ သူ့ယောက်ျားအပေါ်ပိုပြီးပိုပြီးတောင်ခံစားချက်ပြင်းထန်လာသလိုခံစားရ၏။ သူထပ်ပြီးမမျိုသိပ်ထားချင်တော့ပေ။

"ခင်ဗျားသိလား....."

ဝမ်ရိပေါ်ဟာ ရုတ်တရတ်ကြီးစိတ်ခံစားချက်ပြောင်းလဲသွားသည့် ရှောင်ကျန့်ကို နားမလည်နိုင်စွာကြည့်လိုက်မိသည်။ သူဘယ်လောက်ပဲ နားမလည်ဖြစ်နေပါစေ ဂရုတစိုက်နဲ့နားထောင်နေမိသည်ကို သူကိုယ်တိုင်ပင်သတိမထားမိပုံရ၏။ ရှောင်ကျန့် ပြုံးသည်။ သူ့မျက်နှာမှာအတော်လေးသမာရိုးကျဆန်သော်လည်းပဲ တောက်ပလွန်းသောမျက်လုံးလေးတွေက ဝမ်ရိပေါ်၏ နားရွက်ဖျားတွေနှင့်လည်ဂုတ်တစ်ခုလုံးကို နီရဲတွတ်သွားစေသည်။

"ကျွန်တော်ခင်ဗျားကိုအရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုပြောစရာရှိတယ်...."

ဝမ်ရိပေါ်ဟာ တိတ်တဆိတ်နားထောင်နေရင်း ရှောင်ကျန့်ကိုငြိမ်သက်စွာကြည့်သည်။

"အမှန်တော့ ကျွန်တော်က....."

"အရှင်!!...အရှင်!!!...."

အဆင့်မြင့်နတ်ဆိုး တစ်ယောက်က အလောတကြီးပြေးဝင်လာပြီး ဝမ်ရိပေါ်ကိုအော်ခေါ်သည်။ နောက်ဆုံး နတ်ဆိုးဧကရာဇ်ကြီး၏ သေလောက်အောင်အေးစက်လွန်းသည့်မျက်လုံးတွေနှင့်ထိပ်တိုက်တွေ့ဆုံသွားသည့်အခါမှသာ သူ့ပါးစပ်ထဲကစကားလုံးတွေမှာ ဘရိတ်အုပ်လိုက်သလိုမျိုး ဝှစ်ကနဲရပ်တန့်သွားသည်။

system 091 Where stories live. Discover now