(1.30) [Return]

3.2K 459 33
                                    

Unicode

ဘယ်တတ်နိုင်ပါ့မလဲ။ ဒီအခြေအနေမှာ အုန်းသီးအကူအညီကိုရယူရုံကလွဲပြီး သူဘာတတ်နိုင်မှာတဲ့လဲ။

'အုန်းသီး'

[yes host!]

'ငါမင်းဆီမှာ နတ်ဆိုးတိုင်းပြည်ကိုလမ်းညွှန်ထားတဲ့မြေပုံတစ်ခုရနိုင်မလား'

[points အလုံအလောက်ရှိနေသ၍ host လိုချင်တာမှန်သမျှ ရယူနိုင်ပါတယ် host....ဒါပေမယ့် ကျွန်တော်အကြံတစ်ခုပေးချင်တာတော့ရှိတယ်]

'ဘာလဲ'

[ကျင့်ကြံရေးလောကက အရမ်းကျယ်လွန်းတယ်....နတ်ဆိုးတိုင်းပြည်ကိုရောက်ဖို့ နေရာအနှံ့က နေရာကူးပြောင်းခြင်းအစီအရင်တွေကိုအသုံးချမယ်ဆိုရင်တောင် နှစ်ပေါင်းများစွာကြာမြင့်အောင် သွားမှရောက်လိမ့်မယ်]

ရှောင်ကျန့် : "....."

ကောင်းရော။ သူ့မှာ ဂိုဏ်းကြီးတွေလို သီးသန့်နေရာကူးပြောင်းခြင်းအစီအရင်ကြီးတွေမရှိတော့ နေရာအကျယ်ကြီးကိုတစ်ချက်တည်းမကူးပြောင်းနိုင်ပေ။ အလွန်ဆုံးမှ တရားဝင်ခရီးသွားခွင့်ပြုထားသည့် စီးပွားဖြစ် နေရာကူးပြောင်းခြင်းအစီအရင်အသေးစားလေး တွေကိုသာသုံးနိုင်ပေလိမ့်မည်။ ကျင့်ကြံရေးလောကတွင် တစ်နှစ်၊နှစ်နှစ် ခရီးသွားလာရတာမထူးဆန်းပေမယ့် ခေတ်သစ်စံနှုန်းကိုလက်ကိုင်ထားတဲ့ရှောင်ကျန့်အတွက်တော့ အရမ်းကြာလွန်းသည်။

နောက်ဆုံးတွင် ကျင့်ကြံသူတိုင်းက ဝမ်ရိပေါ်လိုကြိုက်ရာနေရာ တိုက်ရိုက်ကူးပြောင်းသွားနိုင်သူတွေမဟုတ်ပေ။ ပြီးတော့ပိုအရေးကြီးတာက သူဝမ်ရိပေါ်ကိုဒီလောက်အကြာကြီးမခွဲနိုင်ပါချေ။

[host ရဲ့လက်ရှိခန္ဓာကိုယ်က ဝိဉာဉ်နဲ့ကွဲကွာတာနှစ်ချို့နေပြီဆိုတော့ ချီစွမ်းအားအသုံးပြုတဲ့နေတာမှာ သိပ်ပြီးချောမွေ့မှာမဟုတ်ဘူး....]

မဟုတ်ရင် မျက်နှာနဲ့ခေါင်းပေါ်က မြေခွေးနားရွက်လေးနှစ်ဖက်တောင်မဖျောက်ထားနိုင်သည်အထိအခြေအနေသို့ ဆိုက်ရောက်ခဲ့မှာမဟုတ်ပေ။ ချီစွမ်းအားက အသေးစိတ်သည့်ကိစ္စလေးတွေပြုလုပ်ဖို့ ချောချောမွေ့မွေ့မစီးဆင်းနိုင်တာကြောင့်ဖြစ်သည်။

system 091 Where stories live. Discover now