(5.17)

5.8K 585 22
                                    

Unicode

ရှောင်ကျန့်တို့ဟာလှိုဏ်ဂူထဲကနေအပြင်သို့လျှောက်ထွက်လာပြီးလမ်းခြောက်ခုခွဲထားရာလမ်းခွသို့အရောက်တွင်ဆူညံနေသည့်အုပ်စုကိုတွေ့လိုက်ရသည်။ထိုသူအုပ်စုမှာနဂါးနဲ့ဖီးနစ်ကျောင်းတော်ကရောက်လာခဲ့တဲ့အကူစွမ်းအားရှင်တွေဖြစ်သည်။ဒီနေရာမှာတင်တစ်,နေသည့်အကြောင်းအရင်းဟာတော့ထင်ယောင်ထင်မှားဝင်္ကပါကြောင့်သာဖြစ်၏။

ဆုဖေးယွဲ့အတွင်းပိုင်းထဲဘယ်လိုဝင်သွားနိုင်တာလဲဆိုတာတော့သူလည်းမသိ။ကြည့်ရတာဇာတ်လမ်းဇာတ်ကွက်အရ'မတော်တဆ'ဆိုတဲ့ခေါင်းစဥ်အောက်ဒီအတိုင်းခြေချော်ပြီးရောက်သွားဟန်ရသည်။ကမ္ဘာ့စည်းမျဥ်းတွေရဲ့အူကြောင်ကြောင်နိုင်မှုနဲ့အကြောင်းအရင်းမရှိဘတ်လိုက်ပုံကိုတော့ဘာမှပြောစရာမရှိတော့ပါချေ။

ရှောင်ကျန့်ရဲ့မူရင်းမျက်နှာလေးမှာပြန်လည်ရုပ်ဖျက်ပြောင်းလဲထားပြီးဖြစ်သည်။သူ့အနောက်တွင်အမွှာနှစ်ယောက်မှာထုံးစံအတိုင်းကပ်လျက်လိုက်ပါလာပြီးမသိရင်အမဲရိုးစောင့်သည့်ခွေးကြီးတွေနဲ့တောင်တူနေသေးသည်။

ေရှာင်ကျန့်မှာအရှေ့ဆုံးကနေကော့ပက်ကော့ပက်​ဖြင့်လျှောက်သွားရင်းသူတို့အနောက်တွင်ရှုံမဲ့နေသည့်မျက်နှာထားဖြင့်လိုက်လာသည့်လဲ့ချင်းယန်နှင့်လျှပ်စီးယုန်လေးအားရင်ခွင်ထဲထွေးပေွ့ထားသည့်ဆုဖေးယွဲ့တို့ရှိနေသည်။

ဆုဖေးယွဲ့၏မျက်နှာထားမှာပုံမှန်အတိုင်းရှိနေပေမယ့်လဲ့ချင်ယန်မှာတော့ပြိုတော့မည့်မိုးလိုမဲမှောင်နေလေသည်။တစ်ခုထူးခြားသည်မှာမသိမသာလိုပုံစံမျိုးဖြင့်သူ့ညာဘက်လက်အားခဏခဏခါထုတ်နေတာဖြစ်သည်။

"မအေဘေးလေး....မင်းငြိမ်ငြိမ်လေးလမ်းလျှောက်လို့မရဘူးလား....ငါမူးနေပြီ!!!"

လဲ့ချင်းယန်၏ညာဘက်လက်ကောက်ဝတ်တွင်ရစ်ပတ်ထားသည့်အပြာရောင်မြွေလေးတစ်ကောင်ဟာဒေါသတကြီးဖြင့်ခပ်တိုးတိုးဆိုလာသည်။လဲ့ချင်းယန်မှာမြွေသေးသေးလေး၏စကားကိုကြားသည့်အခါတွင်သူ့ညာဘက်လက်ကိုပိုတောင်လွှဲယမ်းလာသေးသည်။

system 091 Dove le storie prendono vita. Scoprilo ora