(3.1)

10K 867 64
                                    

Unicode

ရှောင်ကျန့်ကလေလံဝင်ဆွဲသည်ကိုဂျိတ်ခ်ကအံ့ဩသလိုကြည့်လာသည်။ဖေးလစ်ကတစ်စုံတစ်ခုကိုစိတ်ဝင်တစားဖြစ်နေတာမျိုးသူတစ်ခုမှမမြင်ဖူးပေ။

နောက်ဆုံး၌ဈေးအမြင့်ဆုံးပေးနိုင်သည့်ရှောင်ကျန့်ကဝံပုလွေသေးသေးလေးအားပိုင်ဆိုင်သွားသည်။လေလံခန်းတစ်နေရာ၌ဈေးပေးချေပြီးသည်နှင့်အဘိုးအိုတစ်ဦးကပြုံးရွှင်စွာဖြင့်အနက်ရောင်ဝံပုလွေလေးထည့်ထားသည့်လှောင်ချိုင့်အားရှောင်ကျန့်တို့ဆီယူဆောင်လာပေးသည်။

ဂျိတ်ခ်ကသူ့သူငယ်ချင်းထူးထူးဆန်းဆန်းစိတ်ဝင်စားသည့်ထိုအသေးလေးအားသိချင်စိတ်ဖြင့်စူးစမ်းလိုက်သည်။သို့သော်ထိုဝံပုလွေလေး၏အကြည့်ကြောင့်လူကိုယ်တိုင်ကထိန်းချုပ်
ခံလိုက်ရသလိုနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

သောက်ရမ်းကြောက်စရာကောင်းတာပဲ.....

"ဖွင့်လိုက်"

ဝတ်ရုံနက်အောက်ရှိရှောင်ကျန့်၏အသံမှာဆည်းလည်းလေးတွေလှုပ်ခတ်သည်ထက်ပင်သာယာစွာထွက်ပေါ်လာသည်။ဘေးပတ်ဝန်းကျင်ရှိလူတိုင်းဟာ၎င်းအသံလေးအောက်၌မြောပါသွားကြသည်။

လူအိုကြီးကခေတ္တမျှရှောင်ကျန့်၏အသံလေးကြောင့်နစ်မြောနေတုန်းရှောင်ကျန့်ဆိုလိုသည့်အဓိပ္ပါယ်ကိုနားလည်သွားသည့်အခါသူ့ရဲ့မျက်နှာမှာချက်ချင်းဖြူစုတ်သွားသည်။

ဒီဝံပုလွေကဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာသူတို့လောက်ဘယ်သူမှမသိချေ။သူတို့ကကံကောင်းထောက်မစွာဖြင့်ဒီဝံပုလွေလေးလွန်စွာအားနည်းနေကာသတိလစ်နေချိန်၌ဖမ်းယူခဲ့တာဖြစ်သည်။ထိုဝံပုလွေလေးမှာသတိလစ်နေသော်လည်းဖမ်းစီးဖို့ရန်အတွက်သူတို့ရဲ့လူပေါင်းများစွာကိုဆုံးရှုံးခဲ့ရသေးသည်။ထိုဝံပုလွေသေးသေးလေးကအရှိန်အဝါဖြင့်ပင်လူသတ်နိုင်သည်။

သူတို့ကပထမတွင်ထိုဝံပုလွေအားစမ်းသပ်စစ်ဆေးရင်းကျွန်ပြုဖို့အတွက်ဆန္ဒရှိပေမယ့်မှော်အစီအရင်ခင်းကျင်းထားကာကမ္ဘာ့အခိုင်မာဆုံးသောသတ္ထုတစ်မျိုးဖြင့်ဆောက်လုပ်ထားသည့်လှောင်အိမ်အတွင်းကနေတောင်လူတစ်ချို့အားစိတ်ညှို့၍သတ်ရင်သတ်၊ဒါမှမဟုတ်သူ့ကိုလွှတ်ပေးဖို့ရန်ကြံစည်တတ်သေးသည်။

system 091 Where stories live. Discover now