(5.2)

7K 733 64
                                    

Unicode

ကျင့်ကြံခြင်းအဆင့်

စုဆောင်းခြင်းအဆင့် - 1 to 10

မော်တယ်အဆင့် - 1 to 10

အင်မော်တယ်အဆင့် - 1 to 10

နတ်ဘုရားအဆင့် - 1 to 10

သူတော်စင်အဆင့် - 1 to 10

ကြီးမြတ်သူအဆင့် - 1 to 10

ကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့် - 1 to 10

*******************
********

ကြီးမြတ်သောရွှမ်ကုန်းမြေတိုက်ကြီးကလွန်စွာကျယ်ပြန့်ကြီးမားသည်။

ပုနးကွယ်နေသောရတနာပေါင်းများစွာနဲ့ရှေးဟောင်းခေတ်ကစွမ်းအားမြင့်ကျင့်ကြံသူတွေရဲ့ဂူသင်္ချိုင်းတွေကနေရာအနှံ့တွင်မထင်ရင်မထင်မှတ်ထားသလိုပေါ်ပေါ်လာတတ်သည်။

ဗီလိန်ဖူလင်းရွှမ်ကုန်းမြေကြီးကိုလိုချင်တပ်မက်ခဲ့သည်မှာ၎င်းပေါများတဲ့သယံဇာတတွေကြောင့်သာဖြစ်သည်။

ကြီးမြတ်သောရွှမ်ကုန်းမြေတိုက်ကြီးထဲတွင်အထူးသဖြင့်ရှေးဟောင်းခေတ်ကစွမ်းအားမြင့်ကျင့်ကြံသူတွေရဲ့ဂူသင်္ချိုင်းတစ်ခုပေါ်လာသည့်အခါတိုင်းကျင့်ကြံရေးလောကအနှံ့ရှိနာမည်ကြီးဂိုဏ်းတွေ၊ပုန်းကွယ်ထားသည့်ရှေးဟောင်းမိသားစုတွေနဲ့တစ်ခြားတစ်ကိုယ်တော်ကျင့်ကြံသူအများအပြားရောက်ရှိလာတတ်သည်မှာပုံမှန်သာဖြစ်သည်။

ယခုတလော၌ကျင့်ကြံရေးလောက၏အင်အားကြီးအင်ပါယာတစ်ခုဖြစ်သော'ဟွမ်ကျုံး'အင်ပါယာ၏ပိုင်နက်အတွင်းရှိ'ဟန်းယန်'တောအုပ်အတွင်း၌တစ်ခြားသောဒိုင်မေးရှင်းတစ်ခုပေါ်ပေါက်လာသည်ဟူသောသတင်းတစ်ခုမှာမုန်တိုင်းသဖွယ်ဝင်ရောက်တိုက်ခတ်လာ၏။

ထိုသီးခြားဒိုင်မေးရှင်းမှာရှေးဟောင်းကျင့်ကြံသူတစ်ယောက်ယောက်၏ဂူသင်္ချိုင်းဖြစ်နိုင်သည်ဟုခန့်မှန်းခြေထွက်ပေါ်လျက်ရှိနေသည်။

သီးခြားဒိုင်မေးရှင်းတွင်တည်ဆောက်ထားတဲ့အုပ်ဂူတစ်ခု......

သိထားရမည်မှာသူတော်စင်အဆင့်နှင့်အထက်ပိုင်းကျင့်ကြံသူတွေသာဒိုင်မေးရှင်းကိုကြွမ်းကျင်စွာအသုံးချနိုင်သည်။ထို့အတွက်ဂူသင်္ချိုင်းပိုင်ရှင်မှာအနိမ့်ဆုံးသူတော်စင်အဆင့်သို့ရောက်ရှိနေသူဖြစ်နိုင်သည်။

system 091 Where stories live. Discover now