(6.8)

4.3K 565 18
                                    

Unicode

ရှောင်ကျန့်ကအမွှာသုံးယောက်ထွက်သွားသည့်အခါမှသက်ပြင်းခိုးချလိုက်မိသည်။ခုံပေါ်မှာထိုင်လျက်အူကြောင်ကြောင်မျက်နှာလေးတွေဖြင့်လူရှစ်ယောက်ကိုကြည့်ရင်းသူ့ခေါင်းတွေတောင်ကိုက်တတ်လာသလိုခံစားရသည်။

သူကvampireတွေအကြောင်းကိုတည့်တိုးပြောလျက်ဒီအုပ်စုကိုမောင်းထုတ်၍မရပေ။ကွေ့ဝိုက်ပြီးပြောပြန်တော့လည်းစည်းမျဥ်းတွေကြောင့်ထွက်သွားဖို့မဖြစ်နိုင်လုနီးပါးတုံးနေကြဆဲသာ။

[မရမှန်းသိရင်ဘာကြောင့်ပြောနေသေးလဲhostရယ်.....မူလဇာတ်ကြောင်းထဲကအတိုင်းဒီညရောက်မှကြည့်ကြပ်ပြီးကယ်လိုက်ပေါ့ဗျ....]

'မင်းပြောတာကတော့လွယ်လိုက်တာ....ဟမ်....ငါလည်းရမလားဆိုပြီးလုပ်မိတာပေါ့....'

ရှောင်ကျန့်ကဖူးကနဲလေပူတွေမှုတ်ထုတ်လိုက်သည်။ရှောင်ကျန့်ရဲ့စိုးရိမ်ပူပန်နေသည့်ဟန်ကိုတွေ့သည့်အခါဟေးလစ်ခ်လေးကချက်ချင်းထိုင်ခုံပေါ်ကဆင်း၍သူဆီလျှောက်လာသည်။သူ့ရဲ့အင်္ကျီထောင့်ကိုဆွဲလာတာကြောင့်ငုံ့ကြည့်လိုက်တော့ဟေးလစ်ခ်၏ချစ်စဖွယ်မျက်ဝန်းဝိုင်းကြီးတွေနှင့်ဆုံလိုက်ရ၏။

vampireငယ်လေးကရှောင်ကျန့်ကိုမော့ကြည့်၍အမြဲတမ်းသူ့ရင်ခွင်ထဲပွေ့ပိုက်ထားသည့်ပန်ရောင်ယုန်ရုပ်လေးကိုလှမ်းပေးလိုက်သည်။ရှောင်ကျန့်ကကြောင်တောင်တောင်ဖြင့်လှမ်းယူလိုက်ပြီးသည့်နောက်ကလေးငယ်၏ချစ်စဖွယ်အသံသေးသေးလေးမှာထွက်ပေါ်လာပေသည်။

"pigအတွက်...."

"ကျွန်တော့်အတွက်??"

"အင်း....ဒါကြောင့်ဝမ်းမနည်းပါနဲ့တော့နော်...."

"....."

ရှောင်ကျန့်ရဲ့မျက်လုံးလေးတွေမှာဝိုင်းစက်သွားပြီးသူ့ရင်ဘတ်အတွင်းအနွေးစီးကြောင်းလေးတစ်ခုဖြတ်ဝင်လာသလိုခံစားလိုက်ရသည်။သူကပါးစပ်ဟလိုက်သော်လည်းချက်ချင်းပြန်ပိတ်လိုက်သည်။နွေးထွေးနူးညံ့တဲ့အပြုံးလေးတစ်ခုမှာသူ့မျက်နှာထက်ဖြစ်တည်လာသည်။

"ကျွန်တော်အသေအချာသိမ်းထားပါ့မယ်...."

ကလေးငယ်လေးကိုကောက်ချီလိုက်ရင်းအပေါ်ထပ်သို့ဦးတည်လိုက်သည်။သူကမသွားခင်အူကြောင်ကြောင်အုပ်စုကိုအဓိပ္ပါယ်ပြည့်ဝနေသည့်အကြည့်တစ်ချက်ဖြင့်လှည့်ကြည့်လိုက်သည်။သူ့ရဲ့နှုတ်ခမ်းပါးမှာခပ်ဖွဖွလှုပ်ခတ်သွားသည်။

system 091 Where stories live. Discover now