(4.17)

5.7K 700 13
                                    

Unicode

{'ထိုဝိဥာဥ်' = ကူညီပေးသည့်အမည်မသိဝိဥာဥ်}
----------------------------

ရေဘဝဲကဲ့သို့လက်တံရှည်ကြီးတွေမှာကြမ်းပြင်ထက်သို့လဲကျနေသည့်မိန်းကလေးနှစ်ယောက်ထံသို့ဦးတည်လာသည်။

နှစ်ယောက်လုံးမှာသူတို့ကိုယ်သူတို့သေလူဟုသာသတ်မှတ်လိုက်၍မျက်လုံးကိုတင်းတင်းကြပ်ကြပ်မှိတ်ထားမိလိုက်ကြသည်။

သို့သော်......
အချိန်အတော်ကြာသည်အထိပြင်းထန်သောရိုက်ချက်မှာသူမတို့နှစ်ယောက်ထံကျရောက်လာခြင်းမရှိခဲ့ချေ။

နှစ်ယောက်လုံးမှာအူကြောင်ကြောင်ဖြင့်မျက်လုံးဖွင့်ကြည့်လိုက်ကြပြီးနောက်မျက်လုံးပြူးကျယ်သွားမိကြသည်။

သူမတို့နှစ်ယောက်လုံး၏အရှေ့တွင်အနက်ရောင်အခိုးအငွေ့တွေတစ်ကိုယ်လုံးဖုံးလွှမ်းနေသည့်အရပ်မြင့်မြင့်ဖြင့်ပုံရိပ်တစ်ခုမှာတောင်ကြီးတစ်လုံးကဲ့သို့မြဲမြံစွာမတ်တပ်ရပ်၍ရေဘဝဲကဲ့သို့လက်တံတွေအားတားဆီးပေးထားသည်။

ထိုအခိုက်တွင်၎င်းအနက်ရောင်မြူတွေဖုံးလွှမ်းခြင်းခံထားရသည့်'ထိုဝိဥာဥ်'မှာသူမတို့ဘက်သို့စိုးရိမ်စွာစောင်းငဲ့ကြည့်လာသည်ဟုချင်ဖေးဖေးခံစားလိုက်ရသည်။

ဘာကြောင့်မှန်းမသိပါပဲ'ထိုဝိဥာဥ်'ကြီးကသူမတို့ကိုအန္တရာယ်ပေးမည်မဟုတ်ကြောင်းအလိုလိုသိရှိနေ၏။သူမ၏မသိစိတ်အတွင်း၌ပင်'ထိုဝိဥာဥ်'ကြီးအားလွန်စွာရင်းနှီးနေသကဲ့သို့ခံစားနေရသည်။

ချင်ဖေးဖေးကယခုအဖြစ်အပျက်တွေကိုတစ်ခုမှနားမလည်ပေပေမယ့်သူမတို့ကိုကူညီပေးနေတဲ့ဝိဥာဥ်တစ်ခုရှိနေကြောင်းကိုတော့ခန့်မှန်းမိလိုက်သည်။

သူမကကြောင်အ,နေသည့်ဝေဝေကိုတွဲခိုရင်းထိုနေရာမှာအတတ်နိုင်သွားဝေးဝေးသို့ရွေ့လိုက်သည်။

ကြောက်စရာမကောင်းဆိုးဝါးကျောင်းသူ၏မျက်နှာထက်ရှိအပြုံးကြီးမှာရုတ်တရက်မပီပြင်တော့ကြောင်းကိုချင်ဖေးဖေအနေနဲ့အသေအချာမြင်နေရသည်။

ရေဘဝဲကဲ့သို့လက်တံတွေမှာကြမ်းတမ်းစွာလှုပ်ရှားသွားပြီးအနက်ရောင်မြူခိုးတွေဖြင့်'ထိုဝိဥာဥ်'အားပြင်းထန်စွာဖြင့်အချက်ပေါင်းမရေမတွက်နိုင်အောင်ရိုက်ချလာသည်။

system 091 Where stories live. Discover now