(6.3)

4.8K 610 16
                                    

Unicode

မကြာခင်လေးမှာပဲသူအလိုရှိရာနေရာသို့စိုက်စိုက်မြိုက်မြိုက်ရောက်ရှိလာသည်။ဒါကမြက်ခင်းစိမ်းအပြည့်နှင့်ကွင်းပြင်ကျယ်ကြီးဖြစ်သည်။မနီးမဝေးတွင်တောင်ကုန်းသေးသေးလေးတစ်ခုရှိပြီးတောရိုင်းပန်းပင်တစ်ချို့မှာပြွတ်သိပ်နေအောင်ပေါက်ရောက်လျက်ရှိသည်။

အနှီးတောင်ကုန်းဘေး၌စမ်းချောင်းသေးသေးလေးတစ်ခုရှိပြီးကြည်လင်လွန်းသည့်ရေထဲ၌ကူးခတ်နေသောငါး​လေးတွေကိုတောင်မြင်တွေ့နိုင်သည်။မည်သူကရောတောနက်ထဲမှာဒီလောက်ထိစိတ်ကူးယဥ်ဆန်ကာလှပသည့်နေရာလွတ်တစ်ခုရှိကြောင်းထင်မိမည်နည်း။

ဤပတ်ဝန်းကျင်မှာဘုရားကပေးတဲ့ဆုလာဒ်နှင့်တူ၍အစစ်မှန်ဆုံးသဘာဝတရားကြီးသာဖြစ်လေသည်။

ရှောင်ကျန့်၏မျက်နှာဖောင်းဖောင်းလေးမှာသဘောကျစွာခပ်ဖွဖွပြုံးလိုက်ရင်းspeacထဲမှာကူးယူထားသည့်မှော်ပညာတစ်စိတ်တစ်ပိုင်းကိုအသက်သွင်းလိုက်သည်။

ကမ္ဘာ့စည်းမျဥ်းတွေကြောင့်ကြီးကျယ်ခမ်းနားသည့်မှော်ပညာအမျိုးမျိုးကိုမထုတ်သုံးနိုင်ပါသော်လည်းတစ်ခြားလှည့်ကွက်အသေးစားလေးတွေကိုတော့်ပြုလုပ်ရန်မခက်ခဲပေ။

မှော်ပညာ၏ခပ်ဖျော့ဖျော့အလင်းတန်းတစ်ခုကပုံမှန်ထက်ရှည်လျားသည့်မြက်ပင်တွေကိုတိတိကျကျအနေအထားတစ်ခုအထိဖျက်ရိတ်သွားသည်။

အဆင်ပြေသည်နှင့်ရှောင်ကျန့်ဟာသူ့ရင်ခွင်ထဲရှိvampireငယ်လေးအားမြေပြင်ထက်သို့ငြင်ငြင်သာသာချပေးလိုက်သည်။

ဖေးလစ်ခ်ကမြေပြင်သို့ဆင်းသက်ခွင့်ရသွားသော်လည်းရှောင်ကျန့်အနားကမခွာတမ်းကပ်နေဆဲသာဖြစ်သည်။သူကရှောင်ကျန့်ရဲ့ဖောင်းတစ်တစ်လက်ဖဝါးပြင်လေးကိုခပ်တင်းတင်းဆုပ်ကိုင်ထားသည်။

"ဒီနေရာက,ကလေးတွေအတွက်ကစားဖို့အကောင်းဆုံးပဲ.....ဒါမှမဟုတ်ကျွန်တော်တို့ပျော်ပွဲစားထွက်ကြမလားသခင်လေး....."

"pigကြိုက်သလိုလုပ်ပါ....."

ဖေးလစ်ခ်လေးကတစ်လက်လက်တောက်ပနေသည့်သွေးနီရောင်မျက်ဝန်းဝိုင်းကြီးတွေဖြင့်မော့ကြည့်ကာပြောသည်။သူကဒီကိုကိုဘာလုပ်လုပ်သဘောကျသည်။အကယ်၌ဒီကိုကိုကသာသူ့ရဲ့ထူးဆန်းတဲ့သွေးမျိုးဆက်ကိုလိုချင်လို့ဖောက်ထုတ်လာခဲ့ရင်တောင်ကျေကျေနပ်နပ်၊ပျော်ပျော်ရွှင်ရွှင်ဖြင့်ထုတ်ယူခွင့်ပြုလောက်မည်ပင်။

system 091 On viuen les histories. Descobreix ara