(6.17)

4.5K 585 29
                                    

Unicode

"မင်္ဂလာပါအချစ်တို့ရေ....ကိုယ့်ရဲ့အစီအစဥ်ကိုစောင့်မျှော်ကြည့်ရှု့နေကြတဲ့ပရိတ်သတ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့အရင်ဆုံးပြောချင်ပါတယ်နော်....ဒီနေ့ရောဘယ်လိုခပ်ချောချောကောင်လေး၊ကောင်မလေးတွေကိုအင်တာဗျူးပြီးဓာတ်ပုံတွဲရိုက်မလဲဆိုတာစောင့်ကြည့်ပေးကြပါဦးရှင့်...."

မိန်းမလှလေးတစ်ယောက်ဟာ ကင်မရာရှိရာဆီမျက်လုံးလေးတစ်ဖက်မှိတ်ပြလိုက်ရင်းတတ်ကြွစွာပြောသည်။

ကင်မရာမန်းကောင်လေးကသူမကိုတိတ်တဆိတ်လက်မထောင်ပြသည်။

မပျံသန်းနိုင်တဲ့စာကလေး : [အားးးးးနတ်ဘုရားမချင်း!ငါမင်းကိုလက်ထပ်ချင်တယ်....]

အလှလေးတွေကိုသိမ်းကျုံးယူမယ် : [မွ...မွ....မွ....နတ်ဘုရားမချင်းရေ....ကိုယ့်ရဲ့အချစ်တွေအားလုံးကိုယူ....]

အချစ်ရေ...လာပါ... : [ကိုယ့်ရဲ့နတ်သမီးလေးချင်း....ကိုယ့်ရင်ခွင်ထဲတိုးဝင်လာခဲ့ပါကွာ...]

ငါကစွချောကြီး : [နတ်သမီးချင်းရေ...ဒီတစ်ခေါက်အရမ်းချောတဲ့အဆင်လေးတွေကိုရှာပေးပါ....]

ငါအကုန်သိတယ် : [အိုး...အိုး....အပေါ်ကတစ်ယောက်ပြောတဲ့အတိုင်းပဲ....မိန်းမလှလေးတွေကပေါပါတယ်....ချောမောတဲ့ယောက်ျားလေးတွေကပိုရှားတယ်....]

ငါ့တစ်ကိုယ်လုံး'ဝဲ'တွေချည်းပဲ : [ဟုတ်တယ်...ဟုတ်တယ်....ကောင်ချောလေးတစ်ယောက်နဲ့နတ်သမီးချင်းဓာတ်ပုံတွဲရိုက်တာကိုလိုချင်တယ်....]

အားအားယားယား : [ငါဒီနေ့အားနေတယ်....]

ဂူဂူကယွမ်ယွမ်ရဲ့ချစ်သည်းညှာလေး : [အပေါ်ကတစ်ယောက်.....မင်းအားနေတာကိုဘယ်သူကသိချင်လို့လဲ]

ဟား...ဟား...ဟား... : [အဆင်လေး....အဆင်လေး...အဆင်လေးတစ်ယောက်ကိုရွေးပါဗျို့!!!]

ကင်မရာမန်းဟာ Liveချန်နယ်ထဲကပရိတ်သတ်မျိုးစုံ၏တုံ့ပြန်မှုအသီးကိုခဏမျှစစ်ဆေးကြည့်ပြီးနောက်အဆင်ပြေကြောင်း မိန်းမလှလေးကိုအချက်ပြလိုက်သည်။

မိန်းမလှလေး၏နာမည်မှာချင်းလီဖြစ်ပြီးနာမည်ကြီးဘလော့ကာတစ်ယောက်ဖြစ်သည်။သူမအကောင့်ထဲတွင်followers သန်းချီရှိပြီးအတော်လေးနာမည်ကြီးသည်။သူမက ယခုတလောနာမည်ကြီးလူကြိုက်များနေသည့်အစီအစဥ်တစ်ခုတွင်အဓိကလူအဖြစ်ပါဝင်နေတာဖြစ်ပြီး၎င်းအစီအစဥ်မှာစတိုင်တစ်မျိုးစီဖြင့်ချောမောလှပတဲ့ယောက်ျားလေး၊မိန်းကလေးတွေကိုအင်တာဗျူးရင်းဓာတ်ပုံတွဲရိုက်ကြရတာပင်။

system 091 Where stories live. Discover now