(4.3)

7.6K 767 48
                                    

Unicode

ရှောင်ကျန့်မှာပါးစပ်အဟောင်းသားဖြင့်သူ့အရှေ့ကမျက်နှာသေးသေးလေးကိုမော်ချည်ရင်းစာချုပ်တစ်ခုအားကိုင်ဆောင်ထားသည့်သေမင်းအသေးစားလေးကိုသာကြောင်တောင်တောင်ကြည့်နေမိသည်။

ငရဲပြည်မှာသေမင်းတွေအရမ်းရှားနေလို့များကလေးတစ်ယောက်ကိုတောင်အလွတ်မပေးကြတော့တာများလား......

ဒါကလူ့ပြည်မှာဆိုရင်ကလေးသူငယ်ကိုအတင်းအကြပ်ခိုင်းစေမှုနဲ့အမှုဖွင့်လို့ရနိုင်တယ်......

ရှောင်ကျန့်ရဲ့မျက်ဝန်းနက်ကြီးတွေမှာအံ့အားသင့်ရာကနေတစ်ဖြည်းဖြည်းဂရုဏာသက်လာဟန်ဖြင့်မာနကြီးဟန်ရသည့်ထိုကလေး၏ခေါင်းသေးသေးလေးကိုပုတ်ပေးလိုက်သည်။

သနားစရာသေမင်းအသေးလေးပါလား.....
ဒီအသက်အရွယ်လေးနဲ့ပင်ပင်ပန်းပန်းအလုပ်ကြီးတွေလုပ်နေရပြီ.....

သေမင်းအသေးစားလေးဇိုင်း : "....."

အကယ်၍ရှောင်ကျန့်ရဲ့အတွေးတွေကိုသာငရဲပြည်တစ်ခုလုံးသိပါကသွေးအန်သွားမည်မှာသေချာသည်။

ဒီနတ်ဆိုးလေးကမင်းရဲ့အဘေးထက်တောင်အသက်ကြီးသေးတယ်ဟ.....

ဒီနတ်ဆိုးကိုငရဲပြည်တစ်ခုလုံးမနိုင်လို့လွတ်ရာကျွတ်ရာလူ့ပြည်ကိုတောင်းတောင်းပန်ပန်ပို့ထားရတာကိုတော့ပြောမနေတော့ပါဘူး......

တစ်ဖက်တွင်အလွန်မာနကြီးဟန်ရသောဇိုင်း(ခေါ်)သေမင်းအသေးလေးမှာရှောင်ကျန့်သူ့ခေါင်းအားပုတ်ပေးသည်ကိုခံစားလိုက်ရသည်နှင့်သူ့ရဲ့မူလကမောက်မာသည့်အစိမ်းရောင်မျက်လုံးဝိုင်းကြီးတွေမှာသက်တောင့်သက်သာရှိဟန်ဖြင့်မှေးကျင်းသွားသည်။

ဇိုင်းအသေးလေး၏ကျောက်စိမ်းဖြူရောင်နားရွက်ဖျားလေးတွေနဲ့ဂုတ်ပိုးတစ်လျောက်တွင်တစ်ဖြည်းဖြည်းနီရဲတွတ်လာသည်မှာပန်းသီးလေးတစ်လုံးနှင့်တောင်တူသေး၏။

အကယ်၍ဇိုင်းရဲ့ယခုလိုလိမ္မာယဥ်ကျေးနေသည့်ပုံစံလေးကိုငရဲပြည်တစ်ခုလုံးတွေ့မြင်ခဲ့ပါကအုတ်အော်သောင်းနင်းဖြစ်ပြီးကမ္ဘာပင်ပျက်သွားနိုင်သည်။

system 091 Where stories live. Discover now