(5.22)

5.9K 634 86
                                    

Unicode

"အဖေ သားအလှည့်ရောက်ပြီ.....အားပေးဦးနော်...."

ရှောင်ကျန့်ကလက်မထောင်ပြသည်။လဲ့ချင်းယန်ဟာခေါင်းမော့ရင်ကော့ရင်းစင်မြင့်ပေါ်သို့ခုန်တတ်သွား၏။ထိုအချိန်လေး၌ရှောင်ကျန့်ဟာတစ်စုံတစ်ခုကိုသတိရသွားပြီးဇာတ်လိုက်ကိုတားဆီးရန်လုပ်လိုက်ပေမယ့်နောက်ကျသွားပြီဖြစ်သည်။

ငါ့သား.....တံမြက်စည်း....တံမြက်စည်းကြီးပါသွားပြီ.....

လဲ့ချင်းယန်စင်မြင့်ပေါ်တတ်လာသည်နှင့်လူတိုင်း၏အကြည့်မှာသူ့လက်ထဲကတံမြက်စည်းကြီးပေါ်သို့စိုက်စိုက်မြိုက်မြိုက်ကျရောက်သွားသည်။နဂါးနဲ့ဖီးနစ်ကျောင်းတော်ရှိကျင့်ကြံသူမိန်းကလေးတွေဟာသဘောကျစွာစနောက်အော်ပြောကြသည်။

"တံမြက်စည်းကိုကို....တိုက်ပွဲစင်မြင့်ကိုသန့်ရှင်းရေးလုပ်မလို့လား...."

လဲ့ချင်းယန်၏ပြိုင်ဘက်ကျင့်ကြံသူယောက်ျားလေးဟာလည်းပါးစပ်အဟောင်းသားဖြင့်ကြည့်နေသည်။

"အိုး....တောင်းပန်ပါတယ်....လက်ကအကျင့်ပါနေတော့ဆိုင်မှာထားခဲ့ဖို့မေ့သွားတာ....."

လဲ့ချင်းယန်ဟာရှက်ကိုးရှက်ကန်းဖြင့်သူ့လက်ထဲကတံမြက်စည်းကိုအနောက်ဘက်သို့ဖွက်လိုက်ရင်းသူ့ရဲ့ပြိုင်ဘက်ကျင့်ကြံသူအားသွားဖြဲပြလိုက်သည်။

ကျင့်ကြံသူ : "....."

ဒါဘယ်လိုသောက်ရူးလဲ.....

ဇာတ်လိုက်ရဲ့ပြိုင်ဘက်ကမဟူရာလေနက်ကျောင်းတော်၏ထိပ်တန်းကျောင်းတော်သားတစ်ယောက်ဖြစ်သည်။ထိုသူဟာအနက်ရောင်အငိုမျက်နှာဖုံးကိုဝတ်ဆင်ထားပြီးလဲ့ချင်းယန်၏ရုပ်ချောချောလေးနဲ့မှမလိုက်ပေါချာချာနိုင်ပုံကိုအထင်သေးစွာကြည့်၍နှာခါင်းတစ်ချက်ရှုံ့လိုက်သည်။

သူကမဟူရာလေနက်ကျောင်းတော်အတွင်းမှာတောင်Top10အသန်မာဆုံးစာရင်းဝင်နိုင်သည်အထိစွမ်းအားကြီးသည်။သူကအသက်၅၄၀ဖြင့်နတ်ဘုရားအဆင့်၇ကျင့်ကြံဆင့်ကိုပိုင်ဆိုင်ထားပြီးဖြစ်သည်။ဘယ်နေရာကနေကြည့်ကြည့်သူ့လိုပါရမီရှင်တစ်ယောက်ကဒီပေါကြောင်ကြောင်ငတုံးနှင့်ယှဥ်ပြိုင်ရမည်မှာလွန်စွာသိက္ခာကျသည်ဟုခံစားရသည်။

system 091 Where stories live. Discover now