(3.4)

7.5K 838 42
                                    

Unicode

တိုက်ပွဲကွင်းထဲတွင်အမှတ်စဥ်နဲ့အလိုက်တိုက်ခိုက်ကြသည်။

ဇာတ်လိုက်မ၏အမှတ်စဥ်မှာ၂၈ဖြစ်ပြီးရှောင်ကျန့်နှင့်ထက်ဝက်တိတိကွာသည်။ဇာတ်လိုက်မအလှည့်ကျချိန်တိုင်းသူမ၏သူ,မတူသည့်အလင်းစွမ်းအင်ကြောင့်လူတိုင်းကသူမကိုကျယ်လောင်စွာအားပေးကြသည်။ရှောင်ကျန့်ကတော့ထင်ထင်ရှားရှားတိုက်ခိုက်ခြင်းမရှိတာကြောင့်ဇာတ်လိုက်မလောက်ထင်ရှားခြင်းတော့မရှိချေ။သူကတိုက်ခိုက်ချိန်တိုင်းဝတ်ရုံနက်ကြီးခြုံထားတာကြောင့်လည်းပါသည်။

တဖြည်းဖြည်းဖြင့်ပါဝင်ယှဥ်ပြိုင်သူများမှာလျော့ကျလာပြီးဆက်တိုက်နိုင်ပွဲတွေထပ်လာတဲ့ဇာတ်လိုက်မလယ်ရိုနဲ့ရှောင်ကျန့်မှာပိုမိုထင်ရှားလာသည်။အထူးသဖြင့်ယခုအချိန်ထိမှော်ဂါထာသာသုံး၍တိုက်ခိုက်သည့်ရှောင်ကျန့်ကိုဖြစ်သည်။

သူကသူ့ရဲ့ကိုယ်ပိုင်မှော်စွမ်းအင်တွေအသုံးပြုခြင်းမရှိသေးပဲအားကောင်းသည့်မှော်ဂါထာတွေဖြင့်သာပြိုင်ဘက်ကိုအနိုင်ယူခဲ့သည်မဟုတ်ပါလား။

ရိန်းနဲ့ဝူလစ်စ်တောင်ရှောင်ကျန့်ကိုစိတ်ဝင်စားဟန်ပြလာကြသည်။လယ်ရိုဟာအံတင်းတင်းတစ်ချက်ကြိတ်လိုက်ရင်းသူမရဲ့ကျော်ကြားမှုကိုခိုးယူသွားသည့်မျက်နှာတောင်မဖော်ပြသည့်အကောင်အားမုန်းတီးစွာစိုက်ကြည့်လိုက်သည်။

ဒီကောင်ကသူ့ရဲ့ကိုယ်ပိုင်မှော်စွမ်းအင်ကိုတောင်မဖော်ပြရဲတဲ့အသုံးမကျတဲ့သူတစ်ယောက်ဆိုတာသေချာသည်။သူ့ရဲ့မျက်နှာကိုတောင်မပြရဲမှတော့သူ့ရုပ်ကိုယုံကြည်မှုမရှိတာသေချာသည်။

လယ်ရိုကသူမစိတ်ထဲကနေရှောင်ကျန့်ကိုအငြှိုးထားလိုက်သည်။

ပြိုင်ပွဲကတစ်ဖြည်းဖြည်းပြင်းထန်လာပြီးနောက်ဆုံးလူသုံးယောက်သာကျန်ရစ်တော့သည်။လယ်ရို၊ရှောင်ကျန့်နဲ့ခပ်ထွားထွာယောက်ျားလေးသူရဲကောင်းတစ်ယောက်ဖြစ်သည်။

ဤအတွက်သူတို့မဲနှိုက်ကြသည်။ဗလာကျတဲ့သူကဒုတိယပွဲစဥ်အတွက်လွတ်လပ်ခွင့်ရမှာဖြစ်ပြီးကျန်နှစ်ယောက်ကတိုက်ခိုက်ရမည်ဖြစ်သည်။ထိုနှစ်ယောက်ထဲမှအနိုင်ရသူကဗလာမဲကျသူနှင့်ထပ်မံတိုက်ခိုက်ပြီးပထမကိုရွေးချယ်လိမ့်မည်။

system 091 Where stories live. Discover now