(6.11)

4.5K 611 24
                                    

Unicode

"နောက်တစ်ခေါက်ကျထပ်လာခဲ့အုံးနော်"

လီယုမေကဆိုင်းတွင်းမှဖောက်သည်တွေကိုအပြုံးချိုချိုလေးဖြင့်နှုတ်ဆတ်သည်။ဆိုင်အတွင်းလူရှင်းသွားသည့်အခါတွင်ဆိုင်တံခါးကိုအသေအချာပိတ်လိုက်သည်။လမ်းမီးရောင်ဘက်လှည့်လိုက်သည့်အခါတွင်အမှောင်ထဲ၌သွေးနီရောင်မျက်ဝန်းတစ်စုံမှာသူမကိုစိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည်။

မိန်းမလှလေးလီယုမေကသူမရဲ့မျက်ဝန်းတွေကိုအနည်းငယ်မှေးကျဥ်းလိုက်သည်။

"vampire...."

မိန်းကလေးကမကြောက်လန့်သွားသည့်အပြင်သူမရဲ့တိတိရိရိညှပ်ထားသည့်လက်သည်းတွေမှာအနည်းငယ်ရှည်ထွက်လာ၏။သေချာပေါက်ကိုသူမမှာwerewolfတစ်ကောင်ဖြစ်သည်။

သူမရဲ့ဝံပုလွေတစ်ကောင်လိုမျက်ဝန်းတွေမှာစူးရဲလာကာအမှောင်ထဲရှိvampireကိုစိုက်ကြည့်ပြီးနောက်သူမလုံးဝကြက်သေသေသွားရှာသည်။

သူမအရှေ့ရှိအနှီးvampireမှာဝတုတ်နေသည့်ခန္ဓာကိုယ်ဖောင်းဖောင်းလေးဖြင့်ဘောလုံးလေးတစ်လုံးနှင့်တူသည်။တစ်မူထူးခြားသည့်ဘောလုံးကဲ့သို့vampireလေး၏ခန္ဓာကိုယ်ထက်တွင်လက်သည်းကုပ်ရာတစ်ချို့နှင့်သွေးတွေစိမ့်ထွက်နေလေသည်။

လီယုမေကသူမနှုတ်ခမ်းကိုခပ်ဖွဖွကိုက်လိုက်ရင်းဝတုတ်နေသည့်ချစ်စဖွယ်vampireလေးနားတိုးကပ်သွားလိုက်သည်။

"ရှင်အဆင်ပြေရဲ့လား...."

************

၁၆နှစ်ခန့်ကြာပြီးနောက်။

"ကြိုဆိုပါတယ်"

ရှောင်ကျန့်ဟာနူးညံ့သည့်အပြုံးလေးတစ်ခုဖြင့်ဆိုင်ထဲဝင်လာသည့်မိန်းကလေးတစ်စုကိုနှုတ်ဆတ်လိုက်သည်။

သူ့ရဲ့အနက်ရောင်ဆံနွယ်ပျော့ပျော့တွေမှာနဖူးပေါ်ဝဲကျနေပြီးသဘာဝအတိုင်းစိုရဲနေသည့်နှုတ်ခမ်းတစ်စုံထက်ကအပြုံးမှာယခုတင်ဝင်လာသည့်မိန်းကလေးတွေကိုရှက်သွေးဖြာသွားစေသည်။သူ့ရဲ့သွယ်လျပိန်ပါးသည့်ခန္ဓာကိုယ်ထက်တွင်သန့်ရှင်းစင်ကြယ်သည့်ရှပ်ဖြူတစ်ထည်ကိုဝတ်ဆင်ထားကာအင်္ကျီလက်ကိုတံတောင်ဆစ်အထိခေါက်တင်ထားတာကြောင့်ဖြူဖွေးအုနုသည့်သွေးကြောစိမ်းတွေဖြင့်လက်တစ်စုံကိုသရေကျစဖွယ်မြင်တွေ့နေရသည်။

system 091 Tahanan ng mga kuwento. Tumuklas ngayon