(1.8)

8.7K 886 8
                                    

Unicode

"မျက်လုံးမှိတ်ထား....ဖွင့်မကြည့်နဲ့....ပြီးရင်ဒီမှာထိုင်ပြီးခဏစောင့်နေ....."

ဝမ်ရိပေါ်က ရှောင်ကျန့်ကိုစိတ်ချင်းဆက်သွယ်သတိပေးပြီး သူကိုယ်တိုင်ကထုတ်တန်းပေါ်မှခုန်ဆင်းသွားသည်။ ရှောင်ကျန့် ပါးစပ်အဟောင်းသားဖြစ်သွား၏။ ဘာလို့လဲဟုတ်လား။ ဘဝဆက်တိုင်းခွဲမရသလို ကပ်နေတဲ့လက်နှစ်ဖက်ကို ဝမ်ရိပေါ်ကအသာလေးခွာသွားတာလေ။ ဒါနဲ့များဘာအကြောင်းကြောင့် တစ်ချိန်လုံးလက်ကိုင်နေရတာလဲ။

ရှောင်ကျန့်ရဲ့ သံသယကိုအုန်းသီးက ဝင်ရောက်ဖြေရှင်းပေးလာသည်။

[ဒါကယာယီပါပဲ host....လျှို့ဝှက်နည်းလမ်းသုံးပြီးခဏထိန်းထားတာပါ....အလွန်ဆုံးမှ နှစ်နာရီလောက်ပဲ ခွဲထားလို့ရတယ်]

အုန်းသီးရဲ့ ရှင်းပြချက်နဲ့အတူ ရှောင်ကျန့်ဟာ ဥာဏ်အလင်းပွင့်သွားသလိုမျိုး ခေါင်းလေးတငြှိမ့်ငြှိမ့်ဖြင့်ငြိမ်သက်သွားခဲ့သည်။

ဝမ်ရိပေါ်က ကြမ်းပြင်ပေါ်သို့ပေါ့ပါးစွာဆင်းသက်လိုက်ပြီး ခံစားချက်မရှိသည့်မျက်နှာသေဖြင့် သူ့အရှေ့၌လုံးထွေးနေသူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ရေသေကဲ့သို့ ငြိမ်သက်နေပြီးမည်သည့်အရာကမှ ၎င်းကိုမလှုပ်ခတ်နိုင်သည့်ပုံပေါ်သည်။ ဝမ်ရိပေါ်ဟာဖုံးကွယ်ထားဖို့ရန် စိတ်ကူးမရှိတာကြောင့် လုံးထွေးနေသူနှစ်ဦးမှာ သူ့ကိုချက်ချင်းသတိထားမိသွားသည်။

ရှောင်ကျန့်က မျက်လုံးမှိတ်၊နားပိတ်ထားတာကြောင့် ဘာမှမသိပေမယ့် သူတို့ကိုစောင့်ကြည့်နေသည့်အုန်းသီးအနေနဲ့ အရာအားလုံးထင်ထင်ရှားရှားမြင်နေရသည်။

ပထမဆုံး အုန်းသီးစိတ်ထဲတွင် ဒုတိယဇာတ်လိုက်နှင့် အဓိကဇာတ်လိုက်(shou)တို့ကိုအနည်းငယ် ဂရုဏာသက်မိသွားသည်။ အဲ့တာလုပ်နေရင်း အရမ်းကောင်းပြီးတတ်ကြွနေတဲ့အချိန်မှာ လူတစ်ယောက်ရုတ်တရက်မင်းတို့အရှေ့မှာ ဘွားကနဲပေါ်လာခဲ့ရင်ဘယ်လိုခံစားရမလဲ။ စဥ်းစားကြည့်စမ်းပါ။ ထပ်တောင်ထောင်နိုင်သေးရင်ကံကောင်းပဲ။

system 091 जहाँ कहानियाँ रहती हैं। अभी खोजें