(1.24) [Return]

3.3K 457 20
                                    

Unicode

နူးညံ့သည့်အနက်ရောင်ဆံနွယ် ပိုင်ရှင် ကောင်ငယ်လေးက အခုမှနိုးခါက အနက်ရောင်ကျောက်လို ဝေဝေဝါးဝါးမျက်လုံးလေးတွေဖြင့် ဝမ်ရိပေါ်ကိုမော့ကြည့်လာသည်။ သေးငယ်သည့်အပြုအမူလေးတစ်ခုဆိုတာသိသာပေမယ့် ဝမ်ရိပေါ်ဟာ သူ့ရင်ဘတ်တစ်ခုလုံး တစ်ဘုန်းဘုန်းထုရိုက်ခံရသလိုမျိုးပြောင်းဆန်သွားသည်ကိုသူကိုယ်တိုင်သာသိသည်။

ကောင်ငယ်လေးက သူ့ရဲ့ဝေဝါးနေသည့် မျက်လုံးလေးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သေးငယ်သည့်လက်လေးတွေဖြင့်ပွတ်သပ်တော့မည်ကို တွေ့သည့်အခါတွင် ဝမ်ရိပေါ်၏ခန္ဓာကိုယ်က သူ့အလိုလိုလှုပ်ရှားသွားပြီး တားဆီးလိုက်သည်။ ပိုမိုကြီးမားသည့်လက်ဖဝါးကြီးတစ်ဖက်ထဲတွင် သေးသွယ်တဲ့လက်လေးနှစ်ဖက်က တစ်နည်းတစ်ဖုံဖြင့်ချစ်စဖွယ်ကောင်းနေလေသည်။

ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်က ခုနကအဖြစ်အပျက်တွေလိုမျိုး ထိန်းချုပ်နိုင်စွမ်းမရှိစွာ သူ့အလိုလိုစကားအသံထွက်ကျလာသည်။

"အရမ်းမပွတ်နဲ့....မျက်လုံးတွေနာကုန်မယ်"

"ဟီး....ဇိုင်း..."

ကောင်ငယ်လေးက သူ့သွားဖြူဖြူလေးတွေပေါ်သည်အထိပြုံးရယ်ပြရင်း သူ့ဗိုက်ပေါ်ခေါင်းအပ်၍ ခါးကိုပွေ့ဖက်လိုက်သည်။

"ခင်ဗျားက အကောင်းဆုံးပဲ"

မြင်ကွင်းက နောက်ထပ်ပြောင်းလဲသွားသည်။ ဒီတစ်ကြိမ်တွင် ပထမတစ်ခေါက်တုန်းကလိုမျိုး သူက ခန္ဓာကိုယ်နှစ်ခု၊ အမြင်အာရုံနှစ်ခုဆီ ရောက်ရှိသွားသည်။ ခန္ဓာကိုယ်နှစ်ခုက ကျောက်ဆောင်တစ်ခုပေါ်တွင်မတ်တပ်ရပ်နေပြီး သူတို့အရှေ့တွင် အဆုံးမရှိကျယ်ပြန့်သည့် ပြာလဲ့လဲ့သမုဒ္ဒရာကြီးတစ်ခုတည်ရှိနေသည်။ တည်ငြိမ်နေသည့်ရေပြင်က အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်လာပြီး နေရောင်အောက်တွင် အပြာရောင်ကျောက်မြက်လိုမျိုး တစ်လက်လက်တောက်ပနေသည့် ငါးမြှီးတစ်ခုဟာ ရေအောက်ကနေထွက်ပေါ်လာသည်။

အပြာရောင်ငါးမြှီးက အသက်ရှုရပ်မတတ်လှပလွန်းလှပြီး ထိုအခိုက်အတန့်တွင် ရေပေါ်သို့မြောက်တတ်လာသည့်ခန္ဓာကိုယ်လေးက ဝမ်ရိပေါ်ကိုအမှန်တကယ် အသက်ရှုရပ်တန့်သွားစေခဲ့သည်။ ထိုအရာက ပင်လယ်ပြာရောင်ဆံနွယ်ရှည်တွေပိုင်ဆိုင်ထားသည့် အရူးအမူးလှရက်နိုင်လွန်းသော ရေသူထီးလေးတစ်ယောက်ဖြစ်သည်။

system 091 Where stories live. Discover now