(3.10)

8.2K 831 30
                                    

Unicode

ရိုင်နယ်တေး၏heatကာလမှာတစ်ပါတ်ကျော်လောက်ထိကြာမြင့်ခဲ့သည်။သို့သော်ရှောင်ကျန့်ကထပ်မံထိကိုင်ခွင့်ပင်မပေးတော့ပါချေ။အမြင်ကပ်ကပ်နဲ့ဒီအတိုင်းသာပြစ်ထားလိုက်သည်။

heatကာလပြီးသည့်အခါမှသာရှောင်ကျန့်ကအခန်းထဲဝင်အိပ်ခွင့်ပေးခဲ့သည်။ဤသည်နှင့်တောင်မပြီးသေးဘဲဝံပုလွေကြီးပုံစံဖြင့်သာအိပ်ခွင့်ပြုခြင်းဖြစ်သည်။လူအသွင်ပြောင်းခွင့်မပြုသော်လည်းဝံပုလွေကြီးဟာပျော်ပျော်ရွှင်ရွှင်ဖြင့်ပင်ရှောင်ကျန့်ရှေ့သူ့ရဲ့နူးညံ့တဲ့ဝမ်းဗိုက်လေးကိုပင်လှန်ပြလိုက်သေးသည်။

နောက်ဆုံးမှာတော့နူးညံ့တဲ့ဝမ်းဗိုက်ကြီးရဲ့ဆွဲဆောင်မှုကိုမခံနိုင်တော့သည့်ရှောင်ကျန့်ဟာဝံပုလွေကြီး၏အမွှေးတွေထဲခေါင်းစိုက်ရင်းပျော်ရွှင်နေလေတော့သည်။

အတော်လေးကိုအမှတ်သည်းခြေရှိတဲ့ရှောင်ကျန့်ပါပဲ......

ညသန်းခေါင်အချိန်.....

ရှောင်ကျန့်ဟာဝံပုလွေကြီးရဲ့ရင်ခွင်အတွင်း၌ဖက်လျက်ကွေးကွေးလေးအိပ်ပျော်နေသလိုဝံပုလွေနက်ကြီးဟာလည်းရှောင်ကျန့်ရဲ့ခန္ဓာကိုယ်လေးကိုအကာအကွယ်ပေးလျက်ပင်လှဲအိပ်နေသည်။ရုတ်တရတ်ဝံပုလွေနက်ကြီး၏နက်စွေးနေသည့်မျက်ဝန်းတွေမှာပွင့်ဟလာပြီးရွှေရောင်အဖြစ်သို့ပြောင်းလဲသွားသည်။

ဝံပုလွေကြီး၏ရွှေရောင်မျက်လုံးထဲတွင်ကြမ်းကြုတ်ရက်စက်မှုတွေနဲ့အတူသတ်ဖြတ်ချင်သည့်အငွေ့အသက်တွေဖြာထွက်နေလျက်တစ်နေရာသို့အရာအားလုံးဖောက်ထွင်းမြင်မြင်နိုင်သကဲ့သို့စိုက်ကြည့်လိုက်သည်။

ပုရွက်စိတ်တစ်ချို့မှာသူ့ဇနီးလေးရဲ့ပိုင်နက်ထဲကျူးကျော်လာကြသည်။

အမှောင်ရိပ်ကျနေသည့်ဖေးလစ်မြို့စားအိမ်တော်တစ်ဝိုက်တွင်အနက်ရောင်အရိပ်ဆယ်ခုဟာမည်သူမှသတိမထားမိခင်မှာပဲလျှင်မြန်ပေါ့ပါးစွာလှုပ်ရှားနေခဲ့သည်။

ထိုအရိပ်ဆယ်ခုဟာဖေးလစ်မြို့စားစံအိမ်၏အစောင့်တွေသတိမထားမိခင်မှာပဲအိမ်တော်အတွင်းသို့မြန်ဆန်စွာဝင်ရောက်လာနိုင်ခြင်းကိုကြည့်ခြင်းအားဖြင့်သေချာလေ့ကျင့်ခြင်းခံထားရမှန်းသိသာသည်။

system 091 Where stories live. Discover now