(3.18)

7K 786 41
                                    

Unicode

ရှောင်ကျန့်ကလယ်ရိုကိုတစ်ချက်လောက်သာစောင်းငဲ့ကြည့်လိုက်ရင်းဇာတ်လိုက်တွေကိုအာရုံတစ်ချက်ပြန်စိုက်လိုက်သည်။

လယ်ရိုဟာအံကြိတ်လိုက်ရင်းသူမစိတ်ပင်လွတ်ထွက်သွားတော့မလိုခံစားရသည်။တစ်ခြားချောမောသည့်မင်းသားအုပ်စုဟာလည်းသူမကိုတစ်ချက်တောင်စောင်းငဲ့ကြည့်ခြင်းမရှိပါပဲသူမရဲ့အစ်ကိုဖြစ်သူနဲ့သာအရေးလုပ်စကားပြောနေကြသည်။

သူမရဲ့မုန်းတီးမှုကပိုမိုဆိုးဝါးသထက်ဆိုးဝါးလာပြီးသူမအစ်ကိုဆိုသူအားအကြိမ်ကြိမ်ထိုးသတ်ချင်လာသည်။

မုန်းလိုက်တာ.....မုန်းလိုက်တာ....သေလောက်အောင်ကိုမုန်းတယ်.....

ရှောင်ကျန့်ကလယ်ရိုကိုလုံးဝဂရုမစိုက်တော့ပေ။

လူတိုင်းနီးပါးဟာရှောင်ကျန့်နားချက်ချင်းဝန်းရံလာသည်။ဒါကလယ်ရိုရဲ့မုန်းတီးမှုကိုထပ်ဆင့်တိုးလာစေသည်။

အမြဲတမ်း....သူလာရင်လူတိုင်းရဲ့အာရုံကအမြဲတမ်းသူ့ဆီရောက်သွားတတ်ကြတယ်.....ဘာကြောင့်လဲ....ဘာကြောင့်လဲ......

လယ်ရိုရဲ့အစိမ်းရောင်မျက်ဝန်းတွေဟာမနာလိုစိတ်ကြောင့်နီရဲလာသည်။ရှောင်ကျန့်ကတော့လယ်ရိုကိုလှမ်းကြည့်လိုက်ရင်းဇာတ်လိုက်မရဲ့အရာအားလုံးထက်သာလွန်လိုစိတ်နဲ့မနာလိုစိတ်ကိုဩခါချမိသည်။

သူဘာမှတောင်သိပ်မဆွလိုက်ရပေ.....

ပွဲချိန်ဟာအနည်းငယ်ကြာမြင့်လာချိန်၌ရုတ်တရတ်အစေခံတစ်ယောက်ဟာခန်းမထဲပြေးဝင်လာပြီးတစ်စုံတစ်ခုကိုတင်ပြလာသည်။

"အရှင်မင်းမြတ်.....မျိုးရိုးမြင့်အိမ်တော်တစ်ခုကအမျိုးသမီးတစ်ဦးကသူ့သားငယ်လေးကိုမင်းသမီးလယ်ရိုကကုသပေးဖို့တောင်းဆိုလာပါတယ်...."

ဘုရင်မင်းမြတ်အန်ဒီကမျက်မှောင်ကြုတ်လိုက်သည်။

"မင်းသမီးလယ်ရိုကသမားတော်တစ်ယောက်မှမဟုတ်တာ...."

"သူပြောတာကတော့မင်းသမီးရဲ့အလင်းတိုင်လုံးကဖြာထွက်လာတဲ့အလင်းစွမ်းအင်နဲ့တင်ထူးထူးခြားခြားသက်သာလာတယ်လို့ဆိုပါတယ်...."

system 091 Where stories live. Discover now