(1.23) [Return]

3.3K 454 33
                                    

Unicode

လှည်းအရှေ့ကောင်းကင်ထက် လေထုတစ်နေရာတွင် အနက်ရောင်လူရိပ်တွေအများအပြားတည်ရှိနေ၏။ ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူ၏ စကားအဆုံးတွင် ဦးလေးလီက ဒေါသတကြီးအံကြိတ်လိုက်သည်။

"ခွေးကောင် လီကျားဝမ်....မင်းတို့ကိုယ်မင်းတို့ ဟုတ်လှချည်လို့ထင်မနေနဲ့....အကြိမ်ကြိမ်အရိုက်ခံရပြီးတာတောင်မလုံလောက်သေးဘူးလား"

ရှောင်လင်းဝမ်က ချက်ချင်းဆိုသလို ဦးလေးလီ၏အင်္ကျီလက်စ ကို ဆွဲသည်။ ဦးလေးလီလှည့်ကြည့်လိုက်တော့ ရှောင်မောင်နှမနှစ်ယောက်အပြင် လှည်းတန်းတွေထဲကထွက်လာသည့် ရှောင်မိသားစုဝင်တိုင်း၏မျက်နှာထက်၌ မယုံကြည်နိုင်မှုနဲ့အတူ ကြက်သေသေနေကြောင်းတွေ့လိုက်ရသည်။ ဦးလေးလီ နားမလည်နိုင်စွာမေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ"

လီအိမ်တော်က ကျင့်ကြံရေးမိသားစုကြီးဖြစ်ပေမယ့် အခုလက်ရှိ ကျဆင်းနေတဲ့ရှောင်မိသားစုကိုတော့လွယ်လွယ်အနိုင်ကျင့်ဖို့ရန်မဖြစ်နိုင်သေးပေ။ အနည်းဆုံးတော့ ခွေးကောင်လီကျားဝမ်ကို ဦးလေးလီကိုယ်တိုင်အကြိမ်ကြိမ်ရိုက်နှက်ဖူးလေသည်။ ရှောင်လင်းဝမ်ဟာ သက်ပြင်းအရှည်ကြီးရှိုက်လိုက်ပြီး ဦးလေးလီ၏ နားမလည်နိုင်မှုကိုအဖြေပြန်ပေးလိုက်သည်။

"ဦးလေးလီ....ကျွန်မတို့အခု အမည်မဲ့ကန္တာရထဲရောက်နေတာလေ...."

ဦးလေးလီရဲ့မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ အမည်မဲ့ ကန္တာရထဲတွင် မည်သည့်စွမ်းအားကြီးကျင့်ကြံသူကမှ ပျံသန်းနိုင်စွမ်းမရှိပေ။ ဦးလေးလီ လိုစွမ်းအားကြီးကျင့်ကြံသူတောင် လှည်းတန်းနဲ့သွားလာရုံကလွဲပြီး မတတ်နိုင်ခဲ့ချေ။ ဒါကို လီကျားဝမ်နဲ့ သူ့အနောက်ကလူတွေက ဘယ်လိုလုပ် အမည်မဲ့ကန္တာရ၏ ထူးဆန်းတဲ့မြေဆွဲအားကိုဆန့်ကျင်ပြီး လေပေါ်မတ်တပ်ရပ်နိုင်နေရတာလဲ။

"မင်း!!....မင်းတို့!!! ဘယ်လိုဖြစ်လို့....."

"ဟား....ဟား....ဟား....ဟား....သိပ်ပြီးထူးထူးဆန်းဆန်းကိစ္စမျိုးမဟုတ်ပါဘူး....အခုပိုပြီးအရေးကြီးတာက မင်းတို့ ရှောင်မျိုးနွယ်တစ်ခုလုံးကို မျိုးဖြုတ်ပြစ်ဖို့လေ"

system 091 Where stories live. Discover now