(2.5)

8.9K 820 14
                                    

Unicode

"သားတို့နှစ်ယောက်ပြီးရောပြီးကြပြီလား"

"ပြီးပြီ"

ရှောင်ကျန့်သည်လွယ်အိတ်ပန်းရောင်လေးလွယ်၍အပေါ်ထပ်မှတတ်ကြွစွာပြေးဆင်းလာသည်။ကျန့်နင်သည်လည်းလွယ်အိတ်ပန်းရောင်လေးဖြင့်ရှိနေတာကြောင့်အမွှာနှစ်ယောက်ဆင်တူဟုခေါ်နိုင်သည်။

ရိမင်နှာခေါင်းတစ်ချက်ရှုံလိုက်ရင်းသူ့ရဲ့အနက်ရောင်လွယ်အိတ်လေးကိုငုံ့ကြည့်လိုက်သည်။သူကကိုကိုနဲ့ဆင်တူလိုချင်တဲ့ဟာ......

"အယ်.....ဖြေးဖြေးဆင်းလေကွယ်....
ချော်ကျအုံးမယ်"

ရိမား၏စကားကြောင့်ရှောင်ကျန့်၏သေးငယ်သောမျက်နှာလေးထက်နှင့်တောက်ပသောအပြုံးလှလှလေးတစ်ခုပေါ်ပေါက်လာသည်။ရိမားသည်ထမင်းဘူးထည့်ပေးလိုက်ပြီးစိုးရိမ်စွာဖြင့်သေသေချာချာမှာကြားနေခဲ့သည်။

ပြီးနောက်ကားပေါ်တတ်၍ရိမားကိုနှုတ်ဆတ်ကာဒါရိုက်ဘာမောင်းသည့်ကားဖြင့်ကျောင်းသို့သာထွက်လာခဲ့၏။

"တွေရတာဝမ်းသာပါတယ်......
ငါ့နာမည်ကကျန့်နင်ပါ.....ဒါကငါ့ရဲ့
အမွှာမောင်လေးကျန့်ရင်လို့ခေါ်တယ်....."

ဇာတ်လိုက်မသည်တတ်ကြွပြုံးရွှင်စွာဖြင့်စာသင်ခန်းအတွင်းရှိသူမတို့နှင့်ရွယ်တူကလေးများကိုနှုတ်ဆတ်သည်။

အခန်းတွင်းရှိကလေးများဟာရှောင်ကျန့်တို့မောင်နှမကိုအမွှာမှန်းသိသွားသည်နှင့်ကလေးသဘာဝပီပီစိတ်ဝင်စားမှုမြင့်တတ်လာ၏။ချက်ချင်းပင်ရှောင်ကျန့်တို့နားကလေးတွေအုပ်စုလိုက်ဝိုင်းအုံလာသည်။

"နင်တို့နှစ်ယောက်ကတကယ်ကြီးအမွှာတွေလား"

ကလေးတစ်ယောက်ကမေးသည်။

"အင်း"

ေရှာင်ကျန့်ကပြုံးရွှင်စွာပင်ပြန်ဖြေပေးလိုက်သည်။အမှန်တကယ်တော့သူကကလေးတွေကိုချစ်တတ်သည်။ဒါကြောင့်လည်းသူတို့မေးသမျှစိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးမိနေတာလဲပါသည်။

ဆရာမသည်လည်းရှောင်ကျန့်၏ချစ်စရာကောင်းမှုမှာအရည်ပျော်ကျသွားသည်။ဘယ်လိုသူကများလိမ်မာရေးခြားရှိတဲ့ချစ်စရာကလေးလေးကိုမချစ်ပဲနေနိုင်မှာလဲ......

system 091 Where stories live. Discover now