(3.16)

6.5K 771 32
                                    

Unicode

အကြီးအကဲတွေကလယ်ရိုနှင့်တစ်ခြားလူတိုင်းကိုအပြင်ဘက်သို့ခေါ်ထုတ်လာသည်။လယ်ရိုကတော့ထုံးစံအတိုင်းလင်းလက်တောက်ပနေတဲ့ကြယ်ပွင့်ကဲ့သို့လူတိုင်းရဲ့ဝန်းရံခြင်းခံနေရသည်။

ဂျိတ်ခ်ကလယ်ရိုကိုဂရုစိုက်ခြင်းမရှိပဲဖေးလစ်ကိုသာလူအုပ်ကြားထဲလိုက်ရှာနေခဲ့သည်။

၎င်းအရာအားလုံး၏အဓိကတရားခံဖြစ်သူရှောင်ကျန့်ဟာလူအုပ်ကြီးနှင့်မနီးမဝေးသစ်ပင်အမြင့်တစ်နေရာတွင်ရိုင်နယ်တေးနဲ့အတူထိုင်ရင်းလူအုပ်ကြီးကိုစောင့်ကြည့်နေသည်။

[Wow!!!!!host......
ဇာတ်လိုက်မကဒီလိုလုပ်သွားလိမ့်မယ်ဆိုတာဘယ်လိုသိတာလဲ]

'ဒီလိုပါပဲ.....ဇာတ်လိုက်မရဲ့စိတ်ဓာတ်ကအရာအားလုံးထက်သာချင်၊မြတ်ချင်တာလေ.....အဲ့ဒီအတွက်ဆိုသူမကလူတောင်သတ်နိုင်တယ်.....ဒီလိုအခွင့်အရေးတစ်ခုပေါ်လာတဲ့အခါသူမလက်မလွှတ်နိုင်တာမထူးဆန်းတော့ပါဘူး....'

ရိုင်နယ်တေးဟာအတွေးလွန်နေပုံရသည့်သူ့ဇနီးလေး၏သွယ်လျသည့်လည်တိုင်လေးကိုလျှာပြားကြီးဖြင့်ပွတ်ဆွဲရင်းလျက်လိုက်သည်။ရှောင်ကျန့်ဟာတ်ချက်လောက်တွန့်သွားရင်းသူ့ဝံပုလွေကြီးရဲ့ခေါင်းကိုအတင်းတွန်းထုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ...."

"ကျွန်တော်သခင်ပြောသမျှနားထောင်တယ်လေ.....ကျွန်တော့်ကိုဆုမချချင်ဘူးလားဟင်..."

ရိုင်နယ်တေးကရှောင်ကျန့်ရဲ့သေးငယ်တဲ့ခါးလေးကိုပွေ့ဖက်လိုက်ရင်းသူ့ဇနီးလေးရဲ့ချစ်စဖွယ်နားသံသီးလေးကိုလျှာနှင့်လျက်ရင်းဆွဲစုပ်ယူလိုက်သည်။

"ကျွန်တော်သခင့်ကိုလုပ်ချင်တယ်"

မြေခွေးမျက်နှာဖုံးနောက်ရှိရှောင်ကျန့်ရဲ့မျက်နှာလေးမှာရဲရဲနီသွားသည်။

သူ့ချစ်သူဝံပုလွေကြီးကသောက်ရမ်းတွေထန်နေတာပဲ.....

ရှောင်ကျန့်ကဟွန့်ကနဲနှာမှုတ်လိုက်ရင်းသစ်ပင်ပေါ်မှခုန်ဆင်းလိုက်သည်။ရိုင်နယ်တေး၏ချောမောသည့်မျက်နှာကြီးမှာစိတ်ပျက်ဝမ်းနည်းသွားဟန်ပေါ်ပေါက်လာပြီးရှောင်ကျန့်ဘေးသို့ပေါ့ပါးစွာခုန်ချလိုက်သည်။မြေပြင်ထက်သို့ရောက်သည်နှင့်ရှောင်ကျန့်ကရိုင်နယ်တေး၏ချောမောသောမျက်နှာအားဝံပုလွေမျက်နှာဖုံးကိုပြန်လည်တပ်ဆင်ပေးသည်။

system 091 Where stories live. Discover now