(1.7)

8.8K 878 8
                                    

Unicode

ရှောင်ကျန့်ဟာ လေလံပွဲအတွင်းရှိပစ္စည်းတော်တော်များများကို ဝမ်ရိပေါ်ကျေးဇူးဖြင့် အကုန်ဝယ်သည်။ ဝမ်ရိပေါ်က ခပ်ပြုံးပြုံးလေးသာနေပြီး ရှောင်ကျန့်ကိုကြည့်ရုံကြည့်၍ ဘာဆိုဘာမှအပြစ်တင်ပြောဆိုတာမျိုးမရှိချေ။

ကြာလာတော့အုန်းသီးတောင် သူ့hostအစားမျက်နှာပူလာသလိုခံစားရသည်။ လေလံပွဲရှိ တစ်ချို့လူအများစုက သီးသန့်ခန်းနံပါတ်၁ကိုသာ မျက်စောင်းတစ်ခဲခဲဖြင့် အံ့ကြိတ်နေရှာသည်။ အထူးသဖြင့်အဓိကဇာတ်လိုက်(shou)ဖြစ်သည်။ သူဝယ်ချင်သည့်ပစ္စည်းတိုင်းလိုလို ရှောင်ကျန့်လက်ထဲရောက်သွားသည်ကိုး။

ရှောင်ကျန့်က ဇာတ်လိုက်တွေကိုနှောင့်ယှက်ရင်းအပျော်ကြီးပျော်နေသည်။ ဝမ်ရိပေါ်ဟာ ရှောင်ကျန့်မျက်နှာတစ်ကမ္ဘာလုပ်နေရင်း သူ့အိတ်ထဲကမနည်းမနောပါသွားသည့် ဝိဥာဥ်ကျောက်တုံးတွေကိုဘာမှမခံစားမိသလိုမျိုးပင်။

နောက်ဆုံးတွင် လေလံပွဲက အဆုံးသတ်သွားသည်။

ရှောင်ကျန့်ဟာ ခပ်ပြုံးပြုံးမျက်နှာဖြင့်လေလံခန်းမအတွင်းက ထွက်လာခဲ့သည်။ ဇာတ်လိုက်တွေကို အနိုင်ယူရတာလည်း ဖီလင်တစ်မျိုးပဲမဟုတ်ပါလား။

"ဝမ်ရိပေါ် "

"အင်း"

ဝမ်ရိပေါ်ကပြန်ဖြေသည်။

"ဒီလက်နှစ်ဖက်ကိုဘယ်လိုလုပ်မလဲ"

ရှောင်ကျန့်ကပြောရင်းဆိုရင်းဖြင့် သူတို့နှစ်ယောက်ရဲ့ ယခုချိန်ထိမခွဲတမ်းဆုပ်ကိုင်ထားသည့်လက်နှစ်ဖက်ကို မ ပြသည်။

ဝမ်ရိပေါ်ကပြုံးသည်။

"ညရောက်ရင်သိလိမ့်မယ်"

ရှောင်ကျန့်ခေါင်းထဲတွင်???အချို့ဖြတ်ပြေးသွား၏။

ညအချိန်၊
လန်ချောင်မြို့၊ ဖန်အိမ်တော်အတွင်း၌။

ဖန်အိမ်တော်ခေါင်မိုးထပ်တွင် အနက်ရောင်အရိပ်နှစ်ခုက လျှင်မြန်စွာပြေးလွှားနေကြသည်။ ၎င်းအရိပ်နှစ်ခု ခြေချရာနေရာများတွင် အသံစိုးစဥ်းမျှထွက်ပေါ်လာခြင်းမရှိပါပဲ အိမ်တော်ရှိအစောင့်တွေမှာလည်း သတိမထားမိကြချေ။

system 091 Where stories live. Discover now