(4.16)

5.7K 663 37
                                    

Unicode

ဝေထန်စီကခြောက်ကပ်နေသည့်အသံဖြင့်စတင်ဆိုလာ၏။

"မင်းကျောင်းမလာတဲ့နေ့ကငါတို့တွေတကယ်ဒုက္ခရောက်သွားကြတာ"

အက်ဒမ်၏မျက်တွင်းအောက်ခြေတွက်နက်ရှိုင်းသည့်အနက်ရောင်တွင်းနက်ကြီးနှစ်ခုမှာထင်ထင်ရှားရှားတည်ရှိနေသည်။

သူ့ရဲ့ချောမောတဲ့မျက်နှာလေးတောင်ဖုံးကွယ်သွားလုမတတ်ပင်ဖြစ်သည်။

"ကျွန်တော့်ကိုသေသေချာချာလေးအသေးစိတ်ရှင်းပြပေးကြပါလား"

လူတိုင်းဟာတစ်ယောက်မျက်နှာတ်ယောက်ကြည့်ပြီး'နင်ပြော'၊'ငါပြော'ဖြစ်နေချိန်၌ကော်ဖီဆိုင်တံခါးလေးမှာတစ်စုံတစ်ယောက်ရဲ့တွန်းဖွင့်ခြင်းကိုခံလိုက်ရသည်။

"အားးးးးးး"

"ချောလိုက်တာ....ချောလိုက်တာ"

မိန်းကလေးတစ်စုရဲ့ခပ်အုပ်အုပ်အော်သံတွေကြောင့်ရှောင်ကျန့်အပါအဝင်လူတိုင်း၏အကြည့်မှာတံခါးဝသို့ကျရောက်သွားကြသည်။

ထိုနေရာတွင်အရပ်မြင့်မြင့်ဖြင့်လူတစ်ယောက်ဟာဖြောင့်မတ်စွာမတ်တပ်ရပ်လျက်သားဖြင့်ဆိုင်အတွင်းဝေ့ဝဲကြည့်နေသည်။ထိုသူတွင်တောက်ပတဲ့ဇာမဏီကဲ့သို့အစိမ်းရောင်မျက်လုံးတစ်စုံရှိပြီးနတ်ဘုရားကဲ့သို့အနှိုင်းအဆမဲ့စွာချောမောလွန်းလှသည်။ထူးခြားသည့်အရှိန်အဝါနှင့်အတူလှပလွန်းသည့်ထိုသူကြောင့်ပိုင်မင်တို့အုပ်စုတစ်ခုလုံးပြောစရာစကားတွေအားလုံးကိုပါမေ့လျော့ကုန်သည်။

ညာဘက်လက်တွင်ချောကလက်ရေခဲမုန့်တစ်ခွက်ကိုင်လျက်သားဖြင့်ထိုကိုလူချောဟာအလွန်အေးတိအေးစက်နိုင်လှသည်။ထိုသူ၏အကြည့်မှာရှောင်ကျန့်တို့ဝိုင်းသို့ကျရောက်သွားသည်နှင့်ချက်ချင်းနူးညံ့လာကြောင်းလူတိုင်းအသေအချာတွေ့လိုက်ရသည်။

"သူလာနေပြီ....သူလာနေပြီ"

ချင်ဖေးဖေးမှာစိတ်လှုပ်ရှားလွန်းလို့သူ့ဘေးနားရှိပိုင်မင်အားဆွဲလှုပ်နေမိသည်။

အားလုံးရဲ့စိတ်ဝင်တစားအကြည့်အောက်မှာတင်ထိုလူချောလေးကရှောင်ကျန့်အနားခြေလှမ်းကျဲကြီးတွေနဲ့လျှောက်လာပြီးနောက်ကျောဘက်ကနေပွေ့ဖက်လိုက်သည်။

system 091 Where stories live. Discover now