(1.28) [Return]

3.1K 457 29
                                    

Unicode

ချူကျင်းက သူ့ခေါင်းကိုပြတ်ထွက်မတတ်ခါလိုက်သည်။

"မင်းတို့ဘာတွေပြောနေတာလဲ"

system နဲ့သူက အပေးအယူသဘောမျိုးသာဆိုပေမယ့် ကမ္ဘာများစွာ အတူအကွရပ်တည်လာခဲ့တာဖြစ်ပြီး သူ့မျက်လုံးထဲတွင်တော့ system က အကြွင်းမဲ့ဖြစ်တည်မှုတစ်ခုနဲ့တူသည်။ အုန်းသီးရဲ့စကားတွေက သူဘဝတိုင်းယုံကြည်လာခဲ့သည့်ထောက်တိုင်ကြီးကိုချိုးဖျက်လိုက်သလိုပင်။

သူက တရားမဝင် ခိုးကူး system တစ်ခုနဲ့ချိတ်ဆက်ထားတာတဲ့လား။ အစတည်းက မာနကြီးမောက်မာသည့်အကျင့်စရိုက်ရှိသူ ချူကျင်းက ၎င်းကိုလက်မခံနိုင်ပေ။ သူ့မသိစိတ်ထဲမှာကို သူကအကောင်းမွန်ဆုံးအရာတွေနဲ့သာထိုက်တန်ကြောင်း သတ်မှတ်ထားခဲ့တာကြောင့် သာမန်လူတစ်ယောက်၏တုံ့ပြန်မှုနှင့်ကွာခြားသည်။

အုန်းသီးက ချူကျင်း၏အပြုအမူကိုနှာမှုတ်လိုက်ပြီး သူ့ရဲ့အမွှေးပွခန္ဓာကိုယ်ကို ရှောင်ကျန့်လက်မောင်းတွေကြားထဲရွေ့လျား၍ သူ့ကိုပွေ့ဖက်စေလိုက်သည်။ ရှောင်ကျန့်က အလိုက်သင့် အုန်းသီး၏ခန္ဓာကိုယ်ကိုပွေ့ချီလိုက်၏။

အုန်းသီး : [ခင်ဗျား လက်မခံနိုင်ဘူးမဟုတ်လား.....တရားမဝင် system က ပင်မsystem တစ်ခုလုံးအတွက် ပိုးမွှားသာသာ ဗိုင်းရပ်တွေပဲ....ဒါပေမယ့် ပိုးဟပ်တွေက ဖမ်းရခက်တယ်လေ.....သူတို့က အစဥ်တကျဖြစ်နေတဲ့ ကမ္ဘာတွေကိုမွှေနှောက်ပြီး စွမ်းအင်တွေခိုးယူနေကျ....]

ချူကျင်း ကြောင်နေသည်။ ရှောင်ကျန့်က ခပ်သာသာပြုံး၍ အုန်းသီးရဲ့အမွှေးပွပွခန္ဓာကိုယ်အလုံးလေးကိုပွတ်သပ်သည်။

ချူကျင်းက အချိန်အတန်ကြာ မယုံကြည်နိုင်စရာ သတင်းအချက်အလက်တွေကိုသူ့ဦးနှောက်နဲ့ဆန့်အောင်ကြိုးစားလိုက်ရသည်။ သူစိတ်ထဲက ကြီးမြတ်ပြီးအင်အားကြီးတဲ့ နတ်ဘုရားလိုတည်ရှိမှုမျိုးဖြစ်သည့် system အပေါ်အမြင်မှာ ဇောက်ထိုးမိုးမြော်ပြောင်းလဲသွားပါသော်လည်း သူ့တွင်ရွေးချယ်စရာမရှိဘူးဆိုတာကိုတော့ နားလည်သေးသည်။

"သူက တရားမဝင် system ဖြစ်နေတော့ရော ဘာဖြစ်လဲ....ဒါတွေအားလုံးမင်းနဲ့ဘာမှမသက်ဆိုင်ဘူး"

system 091 Where stories live. Discover now