(4.4)

6.3K 748 27
                                    

Unicode

အိမ်ပိုင်ရှင်အဒေါ်ကြီး၏အပြုအမူကိုကြည့်ရုံနှင့်ပင်ရှောင်ကျန့်ကထိုအဒေါ်ကြီးရဲ့အတွေးတွေကိုခန့်မှန်းမိသည်။

ဒါကလည်းအိမ်ပိုင်ရှင်အဒေါ်ကြီးရဲ့အပြစ်မဟုတ်မှန်းသူသိသည်။အကယ်၍ဒီအဒေါ်ကြီးနေရာမှာသူဆိုရင်လည်းရှောင်ကျန့်အနေနဲ့ဒီလိုသာခံစားရမည်ဖြစ်သည်။

တစ်ဖက်တွင်ရှောင်ကျန့်၏အမူအရာမှာတည်ငြိမ်နေသလောက်သေမင်းလေးဇိုင်း၏မျက်နှာသေးသေးလေးမှာတဖြည်းဖြည်းဆူပုတ်သထက်ဆူပုတ်လာသည်။

"ဒီမှာ.....ခင်ဗျားလူတစ်ယောက်ရဲ့အပြင်ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီးမဆုံးဖြတ်သင့်ဘူးဆိုတာနားမလည်ဘူးလား.....ဟမ်...."

ဇိုင်း၏အပြုအမူမှာရိုင်းပေမယ့်သူ့ရဲ့ပေါက်စီလုံးကဲ့သို့ချစ်စဖွယ်မျက်နှာလေးကြောင့်စိတ်ဆိုးစိတ်ကောက်နေသည့်ကလေးတစ်ယောက်နှင့်ပိုတူနေသည်။

ရှောင်ကျန့်ကဇိုင်းရဲ့ပုခုံးလေးကိုအားဖျော့ဖျော့လေးဖြင့်ပုတ်လိုက်ရင်းလူကြီးကိုမရိုင်းဖို့ရန်သတိပေးလိုက်သည်။ဇိုင်းရဲ့မျက်နှာသေးသေးလေးမှာရှောင်ကျန့်ရဲ့သတိပေးမှုကြောင့်ချက်ချင်းငြိမ်သက်တိတ်ဆိတ်သွား၏။

အိမ်ပိုင်ရှင်အဒေါ်ကြီးဟာဇိုင်းရဲ့စကားကြောင့်အနည်းငယ်တွန့်ဆုတ်သွားရင်းအိမ်တံခါးကိုအပြည့်အဝဖွင့်ဟပေးလိုက်သည်။

"ဝင်ခဲ့ပါ...."

ရှောင်ကျန့်၏မျက်နှာလေးမှာဝင်းပသွားရင်းအိမ်ပိုင်ရှင်အဒေါ်ကြီးကိုနှစ်လိုဖွယ်ကောင်းစွာပြုံးပြလိုက်သည်။

""'ကျွန်တော့်ကိုအခွင့်အရေးပေးတဲ့အတွက်ကျေးဇူးပါ""'

အိမ်ပိုင်ရှင်အဒေါ်ကြီးဟာရှောင်ကျန့်လက်ထဲကစာအုပ်လေးကိုစိုက်ကြည့်လိုက်ရင်းသူမသိချင်သည့်စကားတစ်ချို့အားမေးမြန်းလိုက်မိသည်။

"ရောက်လာထဲကစကားမပြောဘူးနော်....တစ်ခုခုဖြစ်လို့လား...."

""'ကျွန်တော်ကမွေးကတည်းကစကားမပြောနိုင်လို့ပါ""'

"အာ.......တောင်းပန်ပါတယ်ကွယ်"

အိမ်ပိုင်ရှင်အဒေါ်ကြီးကစိတ်မကောင်းဟန်သက်ပြင်းချလိုက်သည်။ဇိုင်း၏မျက်ခုံးလေးတွေမှာတစ်ချက်လောက်ကျုံ့သွားရင်းရှောင်ကျန့်ရဲ့အကင်္ျီအနားစလေးကိုပိုမိုတင်းကြပ်စွာဆုပ်ကိုင်လိုက်၏။

system 091 Where stories live. Discover now