(5.20)

5.8K 600 62
                                    

Unicode

တစ်လလောက်ကြာသည့်အခါတွင်တန်ဖေးမင်ဟာရှောင်ကျန့်ရဲ့ဆိုင်လေးဆီပြန်လည်ရောက်ရှိလာသည်။

တစ်ခုကွာခြားသွားသည်ကသူ့ဘေးတွင်အေးတိအေးစက်မျက်နှာနှင့်အတော်လေးချောမောခန့်ညားသည့်လူငယ်တစ်ဦးပါ,ပါရှိလာခြင်းဖြစ်သည်။ထိုလူငယ်ရဲ့မျက်နှာဟာအမူအရာမဲ့နေပေမယ့်တန်ဖေးမင်ရဲ့သေးသေးသွယ်သွယ်လက်ဖဝါးလေးကိုတော့နူးညံ့စွာဆုပ်ကိုင်ထားသည်။

တန်ဖေးမင်၏မျက်နှာလေးကြည့်ရသည်မှာလွန်စွာပျော်ရွှင်တတ်ကြွနေပုံရ၏။

"သူဌေး!!"

တန်ဖေးမင်ဟာအနှီးချောမောတဲ့အေးတိအေးစက်လူငယ်လေးအားဆွဲခေါ်လျက်ဆိုင်အတွင်းသို့ပျော်ရွှင်စွာပြေးဝင်လာသည်။

ထိုအချိန်လေးတွင်ရှောင်ကျန့်ကဇိမ်ခံထိုင်ခုံပေါ်တွင်ကျောမှီလျက်သက်တောင့်သက်သာထိုင်ကာစာဖတ်နေတာဖြစ်ပြီးတန်ဖေးမင်၏ကျယ်လောင်သည့်အသံလေးကိုကြားသည့်အခါတွင်သူ့မှာလန့်ဖြန့်သွားရသည်။

ချင်းမျိုးရိုးအမွှာနှစ်ယောက်မှာထုံးစံအတိုင်းရှောင်ကျန့်အနားလေး၌ပင်ငြိမ်ငြိမ်သက်သက်ထိုင်နေကြပြီးသူတို့နှစ်ဦး၏လက်တစ်ဖက်ဆီမှာတော့ယပ်တောင်တစ်ချောင်းစီကိုယ်စီရှိနေကြသည်။ဘေးနားရှိခုံပေါ်တွင်လည်းထုံးစံအတိုင်းလတ်လတ်ဆတ်ဆတ်စိတ်ဝိဥာဥ်အသီးမျိုးစုံရှိနေလေသည်။

ရှောင်ကျန့်အနည်းငယ်လန့်သွားသည်ကိုမြင်သည့်အခါတွင်ကျေကျေနပ်နပ်ကြီးရှောင်ကျန့်ကိုထိုင်ငမ်းလျက်ယပ်ခတ်ပေးနေသူအမွှာနှစ်ယောက်ဟာတန်ဖေးမင်ကိုသတိပေးသည့်ခပ်စူးစူးအကြည့်တစ်ချက်ပေးလိုက်ကြသည်။

ထိုအခါမှတန်ဖေးမင်ဟာသူနည်းနည်းအလောကြီးသွားမှန်းသိ၍ရှက်ကိုးရှက်ကန်းပါးလေးကိုကုပ်လိုက်သည်။

"အဟမ်း....သူဌေး...တံမြက်စည်းညီလေးရောမတွေ့မိပါလား....."

အရှက်ပြေအနေနဲ့တန်ဖေးမင်ဟာပါးစပ်ထဲတွေ့ကရာပြောချလိုက်မိသည်။

"....."

တံမြက်စည်းညီလေးကဘယ်သူကြီးတုန်း.....

system 091 Where stories live. Discover now