(3.5)

7.8K 868 57
                                    

Unicode

လူတိုင်းကငြိမ်သက်သွားကြသည်။သူတို့ဘယ်လောက်ပဲလယ်ရိုကိုအထင်သေးတာမှန်ပေမယ့်ရှောင်ကျန့်၏ဖုံးကွယ်ထားသည့်မျက်နှာလေးကိုတော့မြင်လိုကြသည်။စင်မြင့်ထက်ရှိလူပေါင်းများစွာဟာမျှော်လင့်စောင့်စားနေသည့်မျက်ဝန်းများဖြင့်ရှောင်ကျန့်ကိုစူးစိုက်ကြည့်နေကြသည်။ရိန်းနဲ့ဝူလစ်စ်တို့နှစ်ယောက်တောင်မျက်လုံးကိုပြူးပြဲထားရင်းအာရုံစိုက်နေမိကြသည်။

ဝတ်ရုံအောက်ရှိရှောင်ကျန့်ရဲ့သွယ်လျလှပတဲ့လက်ချောင်းလေးတွေမှာမြောက်တတ်သွားရင်းသူ့ခေါင်းကိုအုပ်ထားသည့်အနက်ရောင်ခြုံထည်ကြီးအားပေါ့ပါးစွာပင်ဖယ်ရှားလိုက်သည်။

တောက်ပရှည်လျားသောငွေမျှင်ရောင်ဆံနွယ်များမှာလေတစ်ချက်အဝေ့တွင့်လွင့်မြောသွားသလိုလူတိုင်း၏မျက်လုံးတွေမှာလုံးဝပြူးကျယ်သွားခဲ့သည်။လူတစ်ချို့၏သူတို့ရဲ့ဟနေတဲ့ပါးစပ်အားအုပ်ကိုင်ရင်း.....

"Oh My God!!!!
လှရက်လိုက်တာ"

ဟူသည့်စကားသံတွေမှာပဲ့တင်ထပ်နေသည်။

ရှောင်ကျန့်၏ယခုမိန်းကလေးပုံစံမှာသူ့ရဲ့မူလယောက်ျားလေးပုံစံ၏လှပမှုကိုမမှီပေမယ့်လူတိုင်းကိုရူးလောက်အောင်ညှို့ငင်နိုင်တုန်းသာဖြစ်သည်။

သူ့ရဲ့ငွေပြာရောင်ဆံနွယ်ရှည်တွေမှာငွေဖြူရောင်အဖြစ်သို့ပြောင်းလဲသွားပြီး၊အပြာရောင်မျက်လုံးတစ်စုံမှာစိမ်းပြာရောင်အဖြစ်သို့ပြောင်းလဲသွားသည်။ဘာကိုမှလိမ်းခြယ်ထားခြင်းမရှိသည့်အတိုင်းအဆမဲ့လှပသောမျက်နှာလေးထက်တွင်အေးစက်မှုနဲ့အတူချယ်ရီရောင်နှုတ်ခမ်းပါးလေးမှာတည်တင်းနေသည်။

ငွေဖြူရောင်ဆံပင်တွေကိုခပ်မြင့်မြင့်သို့မြှောက်ကာစည်းထားတာကြောင့်သူ့ရဲ့သေးငယ်နူးညံ့သည့်မျက်နှာလေးကိုရှင်းလင်းစွာမြင်နေရသည်။

ရိန်းနှင့်ဝူလစ်စ်တို့နှစ်ယောက်လုံးမှာကြက်သေသေနေကြပြီးရိန်း၏မျက်နှာဆိုလျှင်ဖြန်းကနဲနီရဲသွားသည်။

ရှောင်ကျန့်၏မိန်းကလေးပုံစံမှာမြင့်မြတ်သည့်အရှိန်အဝါနှင့်အတူလှပလွန်း၏။လယ်ရို၏မျက်နှာမှာမထင်မှတ်ထားသည့်အရာကြောင့်အရောင်မျိုးစုံပြောင်းလဲနေပြီးနောက်သူ့မျက်လုံးထဲရှိမနာလိုမှုမှာဖုံးကွယ်လို့မရအောင်ပေါ်ပေါက်လာသည်။

system 091 Where stories live. Discover now