(3.2)

8.2K 829 51
                                    

Unicode

ရှောင်ကျန့်၎င်းဝံပုလွေသေးသေးလေးအားမြို့စားအိမ်တော်သို့ခေါ်ဆောင်လာသည်။

လေထုထဲတွင်အလွန်ရှည်လျားလှပသည့်ငွေပြာရောင်ဆံနွယ်ရှည်များမှာလွင့်မြောနေပြီးရှည်လျားသွယ်လျသည့်ခြေတံရှည်လေးတွေဟာမြင့်မြတ်သည့်အရှိန်အဝါတွေနဲ့အတူအိမ်တော်အတွင်းသို့ပေါ့ပါးစွာလျှောက်လှမ်းလာသည်။

အစေခံအုပ်စုဟာ၎င်းသွယ်လျလှပသည့်ပုံရိပ်လေး၏လက်ထဲတွင်အမဲလုံးလေးတစ်ခုအားကိုင်ဆောင်လာကြောင်းသတိထားမိကြသည်။ထိုအမဲလုံးလေးသည်သူ့သခင်အားဝင်လာကတည်းကငမ်းကြောထနေသည့်အစေခံတစ်သိုက်ကိုသတ်ဖြတ်ချင်သည့်မျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်သည်။

ထို့နောက်ရှောင်ကျန့်အားသူပိုင်ဆိုင်ကြောင်းပြဖို့ရန်အတွက်ရင်ကိုမတ်၊ခေါင်းကိုမော့လိုက်သည်။

"meow...."

အနှီးဝံပုလွေလေး၏ကြောင်လိုအော်သံကြောင့်ရှောင်ကျန့်၏မျက်နှာမှာမဲ့ရွဲ့သွားသည်။

ဒီကြောင်အော်သံနဲ့ဝံပုလွေပိစိလေးကကြီးမြတ်တဲ့ဧကရာဇ်မျိုးနွယ်ရဲ့ဘုရင်ဆိုတာဘယ်လိုလူကများယုံကြလဲဟင်.....ငါ့ကိုပြောပြကြစမ်းပါ.....

ရှောင်ကျန့်ကဝံပုလွေလေးကိုသူ့ရင်ခွင်အတွင်းကနေပွေ့ချီထားရင်းသူ့အခန်းထဲသို့ဦးတည်လိုက်သည်။ဖေးလစ်ရဲ့အခန်းဟာလွန်စွာကျယ်ဝန်းလွန်းသည်။ရှောင်ကျန့်ဟာအခန်းထဲသို့ဝင်ဝင်ချင်းပဲဝံပုလွေလေးကိုနူးညံ့သည့်သားမွှေးတွေခင်းထားသည့်ကြမ်းပြင်ပေါ်သို့ချပေးလိုက်သည်။

ရှောင်ကျန့်ကအဝတ်အစားလဲရင်းရေချိုးဖို့ရန်စဥ်းစားလိုက်မိခြင်းကြောင့်ဝံပုလွေလေးကိုကြမ်းပြင်ထက်သို့ချပေးလိုက်ခြင်းဖြစ်သည်။သို့သော်၎င်းဝံပုလွေနက်လေးကရှောင်ကျန့်ရဲ့ဘောင်းဘီအစနားလေးကိုအတင်းကိုက်ဆွဲရင်းသူ့ကိုပါခေါ်သွားဖို့ရန်မျက်နှာငယ်လေးဖြင့်ကြည့်သည်။

ရှောင်ကျန့်ကသက်ပြင်းသာချလိုက်ရင်း၎င်းမျက်နှာငယ်လေးဖြင့်ဝံပုလွေသေးသေးလေးကိုထပ်မံကောက်ချီလိုက်ကာကြီးမားသည့်ကုတင်ကြီးပေါ်သို့တင်ပေးလိုက်သည်။

system 091 Where stories live. Discover now