(2.16)

8K 766 15
                                    

Unicode

ရိမင်ဟာရှောင်ကျန့်၏ခန္ဓာကိုယ်လေးကိုပွေ့ချီလျက်ပင်အခန်းတွင်းသို့ခေါ်လာရင်းအခန်းတံခါးအားခြေထောက်ဖြင့်ပင်လှမ်းပိတ်လိုက်သည်။သူကမူးမူးနှင့်အိပ်ပျော်နေသည့်ရှောင်ကျန့်၏ခန္ဓာကိုယ်လေးအားမွေ့ယာအလယ်၌ချပေးသည်။

ရိမင်ဟာရှောင်ကျန့်၏ပန်းရောင်ဖျော့ဖျော့ဆံပင်လေးကိုသပ်တင်ပေးလိုက်ရင်းနဖူးလေးကိုနမ်းသည်။ထို့နောက်ရှောင်ကျန့်၏လည်တိုင်ထက်ရှိအနီမှတ်လေးထက်၌အကြည့်ရောက်သွားသည်နှင့်သူ့ရဲ့အကြည့်မှာခက်ထန်သွားပြီးထိုအနီမှတ်လေးအား,အားအနည်းငယ်ထည့်ကာကိုက်ချလိုက်၏။

ရှောင်ကျန့်ဟာနာကျင်သွားတာကြောင့်မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်းညည်းသံသေးသေးလေးထွက်ပေါ်လာသည်။

ရိမင်ဟာမျက်လွှာတစ်ချက်ပင့်ကြည့်လိုက်ရင်းသူ့ကိုက်ချက်ကြောင့်သွေးအနည်းငယ်စို့နေသည့်နေရာလေးအားလျှာဖြင့်တစ်ချက်လျက်လိုက်သည်။

ထိုနောက်ရှောင်ကျန့်၏နှုတ်ခမ်းလေးအားသူ့လျှာဖျားလေးအားထုတ်၍ထပ်မံလျက်လိုက်ပြန်သည်။ရှောင်ကျန့်၏နှုတ်ခမ်းလေးမှာသူ့တံတွေးတွေဖြင့်စိုစွတ်သွားမှသာစိတ်ကျေနပ်စွာဖြင့်ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးအားသူ့နှုတ်ခမ်းနဲ့ဖိနမ်းလိုက်သည်။

"ဟုတ်ပြီ....ကိုကိုအမြဲမှတ်ထားရမှာကကိုကိုဆိုတာကျွန်တော့်တစ်ယောက်တည်းအပိုင်ပဲ....ကိုကို့ရဲ့စိတ်ဝိဥာဥ်ရော၊ကိုကို့ရဲ့ခန္ဓာကိုယ်ပါကျွန်တော်တစ်ယောက်တည်းပိုင်တာ.....ရိပေါ်ဆိုတဲ့သူလည်းမဟုတ်သလို....ဟွမ်ချင်ရဲ့ဆိုတဲ့ဟိုကောင်ကလည်းကိုကိုနဲ့ဆိုင်စရာအကြောင်းမရှိဘူး"

ရိမင်ဟာရှောင်ကျန့်မကြားနိုင်မှန်းသိပေမယ့်ပြောနေမိဆဲသာဖြစ်သည်။ဤသည်ကရှောင်ကျန့်၏မသိစိတ်ထဲရိုက်သွင်းချင်တာလဲဖြစ်နိုင်သလိုသူ့ကိုယ်သူသတိပေးနေတာလဲဖြစ်နိုင်သည်။

************
*****

ရှောင်ကျန့်မျက်လုံးအားဖွင့်လိုက်သည်နှင့်သူ့ခေါင်းမှာအတော်လေးဆိုးဝါးစွာကိုက်ခဲနေကြောင်းသတိထားမိလိုက်သည်။သူခေါင်းကိုကိုင်လျက်ပင်ဖြေးညင်းစွာထထိုင်လိုက်သည်။ဘေးပတ်ဝန်းကျင်အနေအထားကြောင့်သူ့အခန်းထဲပြန်ရောက်နေခြင်းသာဖြစ်ကြောင်းသတိထားမိလိုက်သည်။

system 091 Where stories live. Discover now