(2.10)

8.8K 814 29
                                    

Unicode

စာသင်ခန်းတစ်ခန်းအတွင်း၌ဆရာတစ်ယောက်သည်စာသင်ကြားနေလျက်အခန်းတွင်းရှိကျောင်းသားအနည်းငယ်သာစာလိုက်မှတ်နေကြသည်သည်။ကျောင်းသားအများစုဟာမှောက်အိပ်တဲ့သူကအိပ်၊အိပ်ငိုက်တဲ့သူကငိုက်ဖြင့်တစ်ချို့ဆိုလျှင်ခုံအောက်၌ဖုန်းထား၍ဂိမ်းခိုးဆော့သည့်သူကရှိသေးသည်။

အိပ်ငိုက်နေသည့်ကျောင်းသားတွေထဲကတစ်ယောက်ဖြစ်သည့်လူငယ်တစ်ယောက်သည်ရုတ်တရတ်ပင်သူ့၏ခေါင်းအားဖြတ်ရိုက်ခံလိုက်ကတာကြောင့်စားပွဲခုံနှင့်ခေါင်းမိတ်ဆက်သွားသည့်'ဒုန်း'ကနဲအသံကျယ်ကြီးထွက်ပေါ်လာသည်။

အခန်းတွင်းရှိခိုးကြောင်ခိုးဝှက်ဂိမ်းဆော့နေသူတွေမှာဆရာမိသွားပြီအထင်နဲ့အလန့်တကြားထခုန်လိုက်မိကြသည်။စာသင်နေသည့်ဆရာကလည်းသူ့ရဲ့မျက်မှန်ကြီးကိုပင့်၍ဂိမ်းခိုးဆော့နေသည့်ကျောင်းသားများကိုဆူတော့သည်။ထိုထဲ၌ခိုးအိပ်နေသည့်ကျောင်းသားများနှင့်အိပ်ငိုက်နေသည့်ကျောင်းသားများပင်ပါသေးသည်။

ထိုအရာအားလုံး၏အဓိကတရားခံဖြစ်သည့်ကျောင်းသားသည်သူ့ခေါင်းအားဖြတ်ရိုက်လိုက်သည့်သူ့ဘေးရှိလူငယ်အားဒေါသတကြီးကြိမ်းမောင်းနေခဲ့သည်။

"ငါယိုးသားပိုင်လု..."

သူ့ခမျာကြိမ်းမောင်းနေတာတောင်မှအရှေ့မှဆရာကြားမည်စိုး၍လေသံလေးဖြင့်သာပြောနိုင်လေသည်။

ပိုင်လုဆိုသည့်ကျောင်းသားသည့်သူ့ကိုယ်သူဆရာ့ပုံစံကဲ့သို့အတုခိုး၍သူ့ရဲ့မရှိသည့်မျက်မှန်အားပင့်တင်ဟန်ပြုလိုက်သည်။

"ကျောင်းသားဝူရန်ကျင်း......
မင်းရဲ့လုပ်ပုံကဘယ်လောက်
တောင်အရိုအသေမဲ့နေရတာလဲ.....
ငါတို့မိသားစုရဲ့ကျန့်ရင်လေးကို
ကြည့်စမ်းပါဦး.....စာကို
တစ်လုံးမကျန်လိုက်မှတ်နေခဲ့တာ.....
မင်းနဲ့များအရမ်းကွာတာပဲ"

ပိုင်လု၏ပြောပုံဆိုပုံနှင့်အသံအနေအထားကြောင့်သူတို့ဘေးနားရှိကျောင်းသားလေးတစ်ယောက်မှာသဘောကျစွာထရယ်သည်။

ထိုကျောင်းသားလေးတွင်ပန်းရောင်ဖျော့ဖျော့ဖြင့်လှပသည့်ဆံပင်လုံးလုံးလေးရှိသည်။တစ်ချက်လှုပ်လိုက်တိုင်းဖွာဖွာလေးဖြင့်လှုပ်တိလှုပ်တိဖြစ်နေသည့်ဆံနွယ်မျှင်လေးတွေမှာမြင်သူတစ်ကာကိုထိတွေ့ပွတ်သပ်ချင်လာအောင်ဆွဲဆောင်နိုင်လွန်းသည်။လူငယ်လေး၏ပန်းရောင်ခပ်ဖျော့ဖျော့မက်မွန်ပွင့်သ႑ာန်မျက်လုံးလေးမှာတောက်ပရွှန်းလဲ့နေပြီးကော့ညွှတ်နေသည့်မျက်တောင်အရှည်ကြီးတွေဖြင့်အလွန်လှပလွန်းလှ၏။သူ့ရဲ့ချယ်ရီရောင်ခပ်ရဲရဲနှုတ်ခမ်းလေးမှာသွားဖြူဖြူလေးတွေပေါ်သည်အထိပြုံးရယ်နေခဲ့သည်မှာလူတိုင်းအားမငေးရမနေနိုင်အောင်ပြုစားနိုင်လွန်းသည်။

system 091 Where stories live. Discover now