(1.17) [Return]

4K 526 28
                                    

Unicode

အဝတ်တွေဖြန့်ခင်းထားသည့်နေရာက တောစပ်တစ်နေရာရှိ မြက်ခင်းပြင်ပေါ်မှာဖြစ်သည်။ ရှောင်ကျန့်ဟာ မြက်ခင်းပြင်ပေါ်မှာ ငုတ်တုတ်လေးထိုင်ရင်း တစ်နေကုန်ဘာမှမစားရသေးသည့်သူ့ဗိုက်ဟာ တစ်ဂွီဂွီဖြင့် ကျယ်ကျယ်လောင်လောင်မြည်ဟီးလာသည်။

ဒီဘဝမှာ သူကအားနည်းဖျော့တော့သည့် ကျင့်ကြံနိုင်စွမ်းမရှိသော သာမန်လူတစ်ယောက်ဆိုတာကို မေ့လျော့မိသွားသည်။ သူဒီလို မငတ်ပြတ်ရတာတောင်ကြာလှပြီ။ များသောအားဖြင့် ဝမ်ရိပေါ်က သူစားချင်တာမှန်သမျှ အာဟာရနှင့်ညီမျှစေရန် သင့်တင့်စွာကျွေးမွေးတတ်သည်။ ယခုလို သူ့ယောက်ျားမရှိတဲ့အချိန်မျိုးမှာ ဗိုက်ဆာသည့်ခံစားချက်ကြီးကိုပြန်လည်အမှတ်ရလာ၏။

လွမ်းလိုက်တာ။ ပြီးတော့ ပျင်းတယ်။ ဗိုက်လည်းအရမ်းဆာတယ်။

သက်ပြင်းအသာချရင်း သူ့ဗိုက်လေးကိုဖိကိုင်၍ အဝတ်တွေကို ထိုင်ကြည့်နေရုံကလွဲပြီး သူဘာမှမတတ်နိုင်ပေ။

ရုတ်တရတ် နားပါးလှသည့်ရှောင်ကျန့်ဟာ မြက်ပင်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားသည့်အသံကိုကြားလိုက်ရသည်။ သူရောက်နေသည့်ကမ္ဘာက လုံခြုံစိတ်ချမှုတစ်စက်ကလေးမှမရှိသည့် ကျင့်ကြံရေးလောကကြီးဖြစ်နေကြောင်း အမှတ်ရသွားသည့်ရှောင်ကျန့်ဟာ သူ့မျက်လုံးလေးတွေကိုပြူးကျယ်လိုက်ရင်း အနောက်ဘက်ရှိ ခြုံပုတ်တွေကိုအာရုံစူးစိုက်လိုက်သည်။ ဒီရွာက အနည်းငယ်တောကျပြီး နယ်နမိတ်စည်းသတ်မှတ်ထားတာကြောင့် သားရဲကောင်တွေ၏ရန်ကနေကင်းရှင်းသည်။ သဘာဝအတားအဆီးလိုဖြစ်နေသည့်မြေနေရာကို ကျင့်ကြံနိုင်သည့်သားရဲတွေသာမက ကျင့်ကြံသူတွေ၊ နတ်ဆိုးတွေတောင် တောတော်ရုံတန်ရှာတွေ့မည်မဟုတ်ပေ။

ဒါပေမယ့် ဒါကလည်းယေဘုယျ ဖြစ်နိုင်ချေသာရှိသေးသည်။ တကယ်လို့ အရမ်းစွမ်းအားကြီးတဲ့ မှော်သားရဲတစ်ကောင်သာ ဒီရွာကိုမတော်တဆ ရောက်လာခဲ့ရင်ရော။

ရှောင်ကျန့် : "....."

ဒီလိုဆိုရင် တောစပ်နားမှာရှိနေတဲ့ သူကအရင်ဆုံး ဈာန်လျောသွားပေလိမ့်မည်။

system 091 Where stories live. Discover now