intro

29.1K 1K 42
                                    

Unicode

ကျွန်တော့်နာမည်ကရှောင်ကျန့်။ ကျွန်တော်ကတရုတ်ပြည်ရဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ပါ။

အင်း....ပြောရမယ်ဆိုရင်ပေါ့နော်။ ရှောင်ကျန့်ကသေပြီးသွားပြီ။ သေပုံသေနည်းကလည်းနည်းနည်းတော့ထူးဆန်းသလိုတော့ရှိသား။

ဖြစ်ပုံကတော့ဒီလို.....
သူပန်းခြံတစ်ခုထဲမှာအတွဲချောင်း....အဟွတ်.....စာမူအတွက်လျှောက်လေ့လာပြီး ideaအသစ်တွေစဉ်းစားနေရင်း ရုတ်တရတ်ပုရွက်ဆိတ်အုံတစ်ခုကိုတတ်နင်းမိသွား၏။ အနောက်ဘက်ကိုခုန်ဆုတ်လိုက်တဲ့အချိန်မှာ စပြီးဂွမ်းတော့တာပဲ။

သူ့အနောက်ဘက်မှာဘယ်ကလေကဝ အုတ်ကြားမြက်ပေါက်မိမဆုံးမဖမဆုံးမသူတောင်းစားကလာပြစ်သွားမှန်းမသိတဲ့ငှက်ပျောခွံကိုတတ်နင်းမိပြီးချော်လဲပါ​ရောလား။

အဲ.......ဒါနဲ့တင်မပြီးသေးဘူး။ဘယ်နေရာကပြုတ်ကျလာမှန်းမသိတဲ့အုန်းသီးတစ်လုံးကသူ့ခေါင်းပေါ်ကျလာပြီးရှောင်ကျန့်တစ်ယောက်လူ့လောကကြီးနဲ့အဆက်အသွယ်ပျက်သွားရလေသည်။

............................................
.......................

[ hello my little host....
welcome to system space...]

ရှောင်ကျန့်နိုးနိုးချင်းကြားလိုက်ရတာက....အင်း.....ဘာပြောရမလဲ။ ညှောင်နာနာနဲ့
မစားရအညှော်ခံအသံမျိုး။ နားထောင်ရတာကြားရဆိုးလိုက်တာ။

[အဟွတ်...hostတွေးသမျှကိုကျွန်တော်ကြားနေရပါတယ်.....ကျေးဇူးပြုပြီးယဉ်ယဉ်ကျေးကျေးလေးပြောပေးပါခင်ဗျ....]

"fuck...ဘယ်ကအသံထွက်နေတာလဲ..."

[ ......... ]

systemက ယဉ်ကျေးနေတယ်လေ။

ရှောင်ကျန့်မှာတော့ ကြေကွဲနေတဲ့တစ်ယောက်သောသူကို မသိပဲသူ့ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေလေသည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေပြီးထိုနေရာ၌လူတစ်ယောက် ခွေးတစ်ကောင် ကြောင်တစ်မြှီးမှမတွေ့ရပေ။

"ခုနကအသံတစ်သံကြားလိုက်ပါတယ်....ဒါမှမဟုတ်ငါပဲစိတ်ထင်နေတာလား"

[အဟမ်း....host...ကျွန်တော်က အရှေ့နားလေးမှာပါ....နည်းနည်း ငုံ့ကြည့်ပါဦး.....]

system 091 Where stories live. Discover now