Unicode Ver
၁။ လူသားမျိုးနွယ်၏ သစ္စာဖောက်ခံရခြင်း
တရုတ်နိုင်ငံ အရှေ့ပိုင်း၏ ပင်လယ်ထွက်ပေါက်မြို့တော်တွင်. . .
ပင်လယ်ထွက်ပေါက်မြို့တော်သည် အရင်က လူဦးရေထူထပ်သိပ်သည်းသည့် စီးပွားရေးမြို့တော်တစ်ခု ဖြစ်သည်။ သို့သော်လည်း အခုတော့ လူတို့၏ ခြေရာအစအနတောင် မရှိတော့ဘဲ စွန့်ပစ်ထားသည့် မြို့ပျက်ကြီး ဖြစ်နေပြီ။ ကို့ရို့ကားယားဖြင့် ဖြည်းဖြည်းချင်း သွားလာလှုပ်ရှားနေသည့် ဇွန်ဘီအုပ်ကြီးသာ ဒီမြို့တွင် ရှိတော့သည်။
ထိုအချိန်တွင် ဒီကန္တာရအသွင်မြို့ပျက်ကြီး၏ အဆောက်အအုံတစ်ခု၏ အခန်းတစ်ခုတွင်မှု ကိစ္စတစ်ခု ဖြစ်ပျက်နေသည်။
ထိုအခန်းသည် ပြတင်းပေါက်လုံးဝမရှိဘဲ အလုံပိတ်ထားသည့် တံခါးပေါက်တစ်ခုသာ ရှိသည်။ အိပ်ရာတစ်ခုအပြင် အခြားပရိဘောဂပစ္စည်းများလည်း ထိုအခန်းတွင် ရှိမနေပေ။ ထိုအခန်းက ကုမ္ပဏီကြီးတစ်ခု၏ CEOနားနေရာ လျို့ဝှက်ခန်းတစ်ခု ဖြစ်ခဲ့ပုံရသည်။
ထိုအခန်းထဲမှ မျက်နှာပူပြီး ရင်ခုန်စရာ အသံတို့က ထွက်ပေါ်လျှက်ရှိသည်။ ထိုအခန်း၏ ကုတင်ပေါ်တွင် လိင်အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားနေသည်။ သို့သော်လည်း ထိုမပြောအပ်သည့်အမှုတွင် ကုတင်ပေါ်မှာ မလှုပ်နိုင်ဘဲ လဲနေသည့် ခံရသူမှာ ယောက်ျားတစ်ယောက် ဖြစ်နေမည်ဟု ဘယ်သူမှ ထင်မိမှာ မဟုတ်ပေ။
တစ်နာရီကြာသည့်အခါ ထိုအခန်းထဲမှ အမျိုးသမီးတစ်ယောက်သည် စိတ်ကျေနပ်နေသည့် မျက်နှာထားဖြင့် ထွက်လာသည်။ သူမသည် ရုပ်အဆိုးကြီး မဟုတ်သော်လည်း မိတ်ကပ်အထူကြီးဖြင့် ဖြစ်သည်။ သွေးလိုရဲနေသည့်နှုတ်ခမ်းနီကို ဆိုးထားကာ ကိတ်မုန့်သားလို ခြစ်ချရသည့် အောက်ခံမိတ်ကပ်အထူကြီးဖြင့် ဖြစ်သည်။ မျက်ခမ်းဆိုးဆေးအထူကြီးက သူမ၏ မျက်လုံးပုံစံကို ဖုံးကွယ်ထားက ရှည်လျားသည့် မျက်တောင်တို့က စင်းကျနေသည်။
သူမ၏ကိုယ်ခန္ဓာသည် ယောက်ျားတိုင်း စွဲမက်ချင်စရာကောင်းပြီး မိတ်းမတိုင်း အားကျစရာပင်။ သူမသည် အရပ်ရှည်ကာ ရှိသင့်ရှိထိုက်သည့် အကွေးအကောက်တို့ဖြင့် ကိုယ်ခန္ဓာဖြစ်သည်။ ရင်သားပြည့်ပြည့်လေး၊ ခါးသိမ်သိမ်လေးနှင့် လုံးဝန်းသည့်တင်ပါးလေးအောက်တွင် ရှည်လျားသွယ်လျသည့် ခြေတံတစ်စုံက ရှိနေသည်။
YOU ARE READING
ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)
FantasyTitle : Zombie sister strategy Author : A Wisp of Netherworld Inferno Credit to all လင်းချင်းမှာ ကမ္ဘာပျက်ကပ်ခေတ်ကြီး စတင်ပြီးနောက် ၅နှစ်အတွင်း အကြောင်းအရာများကို ဘာမှမမှတ်မိပေ။ သူမနိုးထလာသည့်အခါ သူမသည် သဘာဝလွန်စွမ်းရည်များရှိသည့် ဇွန်ဘီတစ်ကောင် ဖြစ...