111

2.1K 420 3
                                    

၁၁၁။ အရင်တိုက်

"ခေါင်းဆောင် လုံချင်းယင်ပြောတာ ဟုတ်တယ်။ ဟိုခွေးကောင်က စစ်သားတွေကို ဒီကိုခေါ်လာတာပဲ ဖြစ်မှာ။ မဟုတ်ရင် ဒီလောက်မြန်စရာမရှိဘူး။ ဒီကိုရောက်နေတာ ကြာပြီဆိုတော့ ငါတို့ကို တွေ့လောက်ပြီ"

လုံချင်းယင်၏သတိပေးမှုကြောင့် တစ်ဖွဲ့လုံးသည် ဖြစ်နိုင်ချေကို ယုံကြည်သွားကြသည်။

"ဒါဆိုရင် အခုငါတို့ ဘယ်လိုလုပ်ကြမလဲ? အဆင့်လေးအမြူတေ ငါတို့မှာရှိနေတာလည်း သိနေလောက်ပြီ"
တူယွမ်ရှင်းသည် သူ့ရင်ထဲတွင် မျှော်လင့်ချက်နည်းနည်းသာ ရှိတော့သည်။

အဆင့်လေးဇွန်ဘီအမြူတေသည် အစာအများကြီးဝယ်ရသည်။ အခုခေတ်တွင် ဇွန်ဘီအမြူတေများသည် တန်ဖိုးအကြီးဆုံးအရာများ ဖြစ်ကြသည်။ သို့သော်လည်း ဒီခေတ်တွင် အင်အားသည်သာ စည်းမျည်းဖြစ်၍ ဘာတရားဉပဒေမှ မရှိတော့သည့် ခေတ်ဖြစ်နေပြီ။ အားနည်းသူများသည် အားကြီးသူများ၏ သားကောင်ဖြစ်ကြကာ အားကောင်းသူများသာ ရှင်ကျန်နိုင်မည်။

ထို့ကြောင့် အစာအများကြီးဝယ်ရသည့် တန်ဖိုးကြီးဇွန်ဘီအမြူတေတို့ကို လက်ဝယ်ရှိသူများသည် အခြားသူများက မျက်စိကျသည်က ပုံမှန်ပင်။ လုယက်ကာ လူသတ်ခြင်းများသည် ဇွန်ဘီအမဲလိုက်အဖွဲ့ကြားတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ ဇွန်ဘီအမဲလိုက်အဖွဲ့များသည် အချင်းချင်း အရမ်းတော့ မရက်စက်ကြပါ။ ဇွန်ဘီအမြူတေကို ပေးလိုက်ရင်တော့ ထိုအဖွဲ့သည် အသက်ရှင်နိုင်လိမ့်မည်။

သို့သော်လည်း ဇွန်ဘီအမဲလိုက်အဖွဲ့များကို စခန်းရှိစစ်တပ်က ဓားပြတိုက်ယူရင်တော့ ထိုအဖွဲ့သည် ပျက်စီးကာ အဖွဲ့သားတိုင်း သေမည်အမှန်ပင်။ အကြောင်းပြချက်ကတော့ ရှင်းသည်။ ပိုဆိုးသည်မှာ ဟေးဒီးစခန်းတွင် ခေါင်းဆောင်အပြောင်းအလဲကြောင့် ပရမ်းပတာဖြစ်နေသည့် အချိန်လည်း ဖြစ်နေသေးသည်။ ထို့ကြောင့် မကောင်းတာများသည် ဒီအချိန်တွင် ပိုများလာသည်။

သူပြောသည်ကို ကြားသည့်အခါ လုံချင်းယင်သည် ခေါင်းကိုခါကာ
"ကိုယ့်ကိုယ်ကို လိမ်မနေနဲ့တော့။ အဆင့်လေးဇွန်ဘိအလောင်းက အပြင်မှာ။ သူတို့တွေ့သွားရင် ဘာဖြစ်မယ်ထင်လဲ?"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now