23

2.5K 455 1
                                    

၂၃။ အန္တရာယ်၏နမိတ်

ဟွမ်ရှောင်း၏ မျက်နှာသည် နီရဲနေကာ လက်တစ်ဖက်ဖြင့် အကျီကိုလှမ်းဖမ်းလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ခါးတွင်ချည်လိုက်သည်။ သူ့၏နီရဲနေသည့်မျက်နှာသည် မည်းသည်းနေကာ အံကြိတ်ရင်း
'အဲ့ဒီကောင်ကတော့!'

ထိုသို့ရေရွတ်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အဆင့်မြင့်ဇွန်ဘီ၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။ အခြားသူများသည် သူ့စကားကြောင့် လန့်သွားကာ တစ်ယောက်က
"အဲ့ဒါဘယ်သူလဲ? ဇွန်ဘီတွေနဲ့ မင်းတွေ့ခဲ့လို့လား?"

ဟွမ်ရှောင်းသည် ဘယ်လိုပြန်ဖြေရမလဲ မသိပေ။

ရှဲ့တုန်းသည် နောက်ဆုံးတော့ မေးလာခဲ့သည်။

"ဒါနဲ့ မင်းလိုက်သွားတဲ့ အဆင့်မြင့်ဇွန်ဘီ ဘယ်မှာလဲ? ဒီနယ်ရာမှာ ဇွန်ဘီတစ်ကောင်မှ ရှိပုံမရဘူး"

သူသည် ဒီနေရာကိုကြည့်သော်လည်း ထူးဆန်းစွာဖြင့် ဇွန်ဘီတစ်ကောင်မှ ရှိမနေပေ။ အဆင့်မြင့်ဇွန်ဘီကိုထားပါဦး။ သာမန်ဇွန်ဘီတစ်ကောင်မှတောင် မရှိခြင်းဖြစ်သည်။ ဇွန်ဘီသဏ္ဍာန်များကို မိုင်ရာချီလောက်တွင်သာ တွေ့ရသည်။

ဟွမ်ရှောင်းသည် ဒီအချက်ကို စိတ်မဝင်စားနိုင်ပေ။ သူသည် အဝေးမှ ဇွန်ဘီများရှိရာသို့ အမြန်သွားပြီး အသန့်ပြန့်ဆုံးဟု ထင်ရသည့် အမျိုးသားဇွန်ဘီတစ်ကောင်၏ခေါင်းကို လေဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ထို့နောက် ဇွန်ဘီ၏ဘောင်းဘီကို ချွတ်ချလိုက်သည်။

လင်းချင်းကို မသတ်လိုက်ရသည့်အတွက် မုန်းတီးနေမှုဖြင့် သူ့သွားတို့ကို ကြိတ်ထားသည်။
'ဒီတိုင်းအသိရှိသည့် ဇွန်ဘီတစ်ကောင်က ငါ့ကိုဆိုးဆိုးဝါးဝါး အရှက်ခွဲသွားတယ်။ ဇွန်ဘီတစ်ကောင်ဆီမှာ အနိုင်ကျင့်ခံရတာကို ဘယ်လိုလုပ်ပြီး ငါကဒီတိုင်းထားနိုင်မှာလဲ? နောက်တစ်ခေါက် အဲ့ဇွန်ဘီမကို တွေ့လို့ကတော့ အသားတွေလှီးပစ်ပြီး အရိုးခြောက်လုပ်ပစ်မယ်။ ပြီးတော့ သူ့ခေါင်းထဲက အမြူတေကို ဆွဲထုတ်ပစ်ရမယ်'

. . .

ဒီအဖွဲ့နှင့် မလှမ်းမကမ်းတွင် အဆောက်အအုံတစ်ခု၏ ထိပ်ဆုံးတွင် ရှည်လျားသည့် သဏ္ဍာန်တစ်ခုက ရပ်နေကာ သူတို့အား သတ်စားချင်စိတ်အပြည့်ဖြင့် အေးစက်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now