58

2.5K 483 23
                                    

၅၈။ ကိုက်ရာကြောင့်

"အကိုလင်းယု, ကိုယ်တိုင်ကုသနိုင်စွမ်းက တကယ်ကိုမိုက်တာ! ပြီးတော့ စွမ်းအားရောပဲ!"
ဖန်မင်းယုသည် စိတ်လှုပ်ရှားစွာ ပြောသည်။

လင်းယု၏စွမ်းအားအကြောင်းပြောရာတွင် လူတိုင်းသည် စိတ်ဝင်တစားဖြစ်လာကာ
"မင်းအဆိပ်ရှိတဲ့ မီးကို နိုးထအောင် လုပ်နိုင်မယ်လို့ ငါတို့ဘယ်တုန်းကမှ မထင်မိဘူး။ မင်းမီးက ဘယ်လောက်အားကောင်းနေပြီလဲ?"
တစ်ယောက်က မေးသည်။

လင်းယုသည် ဘာမှမပြောဘဲ အခန်းထဲကို ထကြည့်လိုက်သည်။ ထို့နောက် အမှိုက်ပုံးကို တွေ့သည့်အခါ အမှိုက်အိတ်ကိုယူထုတ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။ ထို့နောက် လက်ဝါးကိုဖြန့်လိုက်ကာ အနက်ရောင်မီးတောက်ကိုထုတ်လိုက်သည်။ မီးတောက်သည် အမှိုက်အိတ်ပေါ်သို့ ကျသွားပြီးနောက် ခနအတွင်းမှာပဲ အမှိုက်အိတသည် ပျော်ကြသွားကာ ကြမ်းပြင်ပေါ်တွင် ပြာတောင်မကျန်ခဲ့ပဲ ပျောက်သွားတော့သည်။

အမှိုက်အိတ်က ပျောက်သွားသည်တောင်မှ မီးသည် ကြမ်းပြင်ပေါ်တွင် ဆက်ရှိနေဆဲဖြစ်သည်။ ကြည့်ရသည်မှာ မီးသည် သူထိသမျှတိုင်းကို ပျော်သွားအောင်လုပ်ရသည်ကို နှစ်သက်ပုံရသည်။ သို့သော်လည်း ပျော်ကျသွားခြင်းက အလွန်မြန်သဖြင့် ကြမ်းပြင်ကိုတောင် ပျော်ကျသွားအောင်လုပ်ခြင်းကတော့ ဆိုးဝါးစွာ ကြောက်ဖို့ကောင်းလှသည်။

ကြမ်းပြင်ကို အရည်ပျော်အောင်လုပ်နေသည်ကိုမြင်မှ လင်းယုသည် လက်ကိုဝေ့ယမ်းလိုက်ကာ မီးတောက်လေးသည် သူ့လက်ပေါ်သို့ ပြန်ပျံတက်လာသည်။ အခြားသူများသည် လင်းယု၏လက်ဝါးပေါ်သို့ ပျံတက်သွားသည့် မီးတောက်ကိုကြည့်ရင်း အံ့သြနေပြီးမှ ကြမ်းပြင်တောင် ပျော်ကျတော့မလိုဖြစ်သွားခြင်းမှာ ကြမ်းပြင်တွင် အမဲစက်တောင် ကျန်နေခဲ့သည်။

"ဒါက အခြေခံအဆင့်တုန်းက ခေါင်းဆောင်ကြီးရဲ့မီးစွမ်းအားလိုပဲ။ တူတယ်"
ဖန်မင်းယုက ပြောသည်။

လင်းယုသည် ခေါင်းခါလိုက်ကာ ပြန်ဖြေသည်။
"အကုန်တော့ မတူဘူး။ ငါ့မီးကအနံ့မရှိဘူး။ အဲ့ဒါကြောင့် မီးထုတ်လိုက်ရင် အနားကလူတွေ အဆိပ်မမိနိုင်ဘူး။ ဒါကွာတယ်"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now