73

2.4K 497 5
                                    

၇၃။ စိုက်ခင်းကိုဖြတ်ခြင်း

လင်းချင်းမှာ ကားမောင်းနေရင်း စိုက်ခင်းတစ်ခုကို မြင်သည့်အခါ သူမ၏အာရုံကို ဖမ်းစားနိုင်သွားသည်။ ဒီမြို့သည် ဂျောင်ကျသည့်နေရာဖြစ်သောကြောင့် ကမ္ဘာပျက်တည်းက ဘယ်သူမှမလာတော့တာ ဖြစ်သည်။ ဒီမြို့၏လူအများစုသည် ဇွန်ဘီအဖြစ်ပြောင်းသွားကြကာ ရှင်ကျန်သူများကလည်း ထွက်ပြေးကုန်ကြပြီ။ ထို့ကြောင့် ဒီနေရာသည် ဘာမှမရှိဘဲ ကျန်ခဲ့သည်။

အစတုန်းက လင်းချင်းသည် စတိုးဆိုင်ထဲမှာ အသုံးဝင်သည့် ပစ္စည်းအများကြီးကို တွေ့ခဲ့သည်။ သူမအခုမောင်းနေသည့်လမ်းသည် မြို့အနောက်ဘက်တွင် ဖြစ်သည်။ မမျှော်လင့်သည်မှာ စိုက်ခင်းကြီးကို ဖြတ်မောင်းရလိမ့်မည်ဟု ဖြစ်သည်။ အတိအကျပြောရလျှင် ဒီလောက်ကြီးသည့် စိုက်ခင်းကို မြို့အနောက်ဘက်တွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိခြင်းသာ။

သူမသည် ကားကိုလမ်းဘေးတွင် ထိုးရပ်လိုက်ကာ ကားပြတင်းပေါက်ကနေ ခေါင်းထုတ်ကြည့်လိုက်သည်။ ထိုအခါ အစိမ်းရောင်အပင်များအပြည့်ကို သူမ၏မျက်လုံးထဲတွင် အဖြူအမဲအဖြစ် မြင်ရသည်။ ဖန်လုံအိမ်တွင် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များလည်း တွေ့ရသည်။ အချိန်ကြာမြင့်စွာ စွန့်ပစ်ထားသဖြင့် ပလတ်စတစ်များတောင်ပြဲကျနေကာ ဘောင်သာရှိတော့သည်။

သို့သော်လည်း ဟင်းသီးဟင်းရွက်အများစုမှာ ဒီဘောင်များအောက်တွင် ဆန့်ကျင်စွာ ကြီးထွားလျက်ရှိသည်။ ဖန်လုံအိမ်တစ်ခုစီတွင် တစ်မျိုးစီဖြစ်ရာ နှစ်ဧကလောက်ကျယ်သည့် လယ်ကွင်းတစ်ခုလုံးကို စိုက်ပျိုးထားခဲ့တာဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ပဲ၊ အာလူး၊ မြေပဲနှင့် အခြားအသီးများရှိသော်လည်း ဝမ်းနည်းဖို့ကောင်းသည်မှာ ၉၀ရာခိုင်နှုန်းလောက်သည် သန္ဓေပြောင်းနေပြီ ဖြစ်သည်။

သူမသည် အရောင်မမြင်ရသော်လည်း အပင်များထဲမှ ပိုးကိုတော့ ခံစားမိသည်။ အခုဆိုလျှင် ကန်ရေထဲက စွမ်းအင်သာမက အခြားအရာများစွာကိုလည်း အာရုံခံမိနေပြီဖြစ်သည်။ ရေကန်အောက်တွင် ဖြစ်ခဲ့ခြင်းကြောင့် အခုလိုမျိုးလုပ်နိုင်လာတာ ဖြစ်သည်။ သို့သော်လည်း သေချာတော့ မပြောနိုင်ပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now