152

1.6K 331 2
                                    

၁၅၂။ ထပ်ကုသပေးခြင်း

ဒီလိုမျိုးက ထပ်ခါတလဲလဲဖြစ်နေသည်။ လင်းချင်းသည်လည်း ဒါကဘယ်လောက်ကြာသလဲ မသိသဖြင့် သူမသည် ကြာတော့ထုံလာသည်။ ရုတ်တရတ် သူမ၏ကိုယ်သည် စလှုပ်လာသည်။ ထို့နောက် ကိုက်ခဲမတက်ပူလောင်သည့်အပူသည် သူမ၏ဦးနှောက်ကိုပါ တိုက်လာသည်။

ဇွန်ဘီအနေဖြင့် အပူချိန်ကို မခံစားနိုင်ပေ။ သို့သော်လည်း သူမ၏ဦးနှောက်က လောင်မတက် ပူတာကိုတော့ သူမခံစားမိပြီး ခေါင်းကြီးက မီးပေါင်းအိုးလို သူမ၏ဦးနှောက်တစ်ခုလုံးအား ဖုတ်နေသလိုပင်။ သူမ၏ တစ်ကိုယ်လုံးသည် ထုံကျဉ်နေဖို့ ပြင်ဆင်ပြီးသားဖြစ်သည်။

သို့သော်လည်း သူမ၏မျက်နှာသည် ရှုံ့မဲ့လာကာ မအော်ဘဲမနေနိုင်တော့ပေ။ သူမ၏ အော်သံကြောင့် ကန်အောက်ခြေတွင် ရေပူစီပေါင်းများ တက်သွားသည်။

"ဂါး!"

ဒီလိုအော်ပြီးသည့်နောက် သူမ၏ခေါင်းသည် တကယ်ကြီးပေါက်ထွက်သွားသလို ခံစားရတာ ဖြစ်သည်။ ပြင်းထန်သည့်နာကျင်မှုက သူမအား သတိလက်လွတ်ဖြစ်စေသည်။ နောက်ဆုံးတော့ လင်းချင်းသည် မေ့မျောသွားခဲ့ပြီ။

နယ်မြေက ကျယ်ပြန့်လာသည်ကို စိတ်ဝင်တစားကြည့်နေသည့် ကျွင်းကျွင်းသည် လင်းချင်း၏ အော်သံကို မကြားပေ။ သို့သော်လည်း ရှင်းလင်းစွာ အာရုံရသည်။ သူမသည် ကန်ကိုလှည့်ကြည့်လိုက်သည့်အခါ ရေမျက်နှာပြင်တွင် ရေပူဖောင်းများ ပလုံစီနေသည်ကို တွေ့လိုက်ရသည်။

'လင်းချင်းက ကန်အောက်ကို ဘာသွားလုပ်တာလဲ မသိဘူး။ ဒီကန်က ငါ့အတွက် အန္တရာယ်များပုံရလို့ ငါဆင်းတောင်မကြည့်ရဲဘူး'

ထိုအချိန်တွင် သတိလစ်နေသည့် လင်းချင်း၏ကိုယ်သည် သူမဖြစ်စေချင်သလို ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ အစိမ်းရောင်ပုပ်စွမ်းအင်သည် သူမ၏ကိုယ်ထဲသို့ စိမ့်ဝင်နေသည်။ အထူးသဖြင့် ဒဏ်ဖြစ်နေသည့် နေရာများပင်။

ခြေနှင့်လက်က ဒဏ်ရာများသည် အကုန်ကုသပြီးသည်ဖြစ်ရာ ထူးဆန်းသည့် အသားအရောင်မတူဖြစ်နေခြင်းနှင့် တောင့်နေသည့် ကြွက်သားများအပြင် သူမ၏ခြေလက်များသည် လုံးဝသာမန်လူလိုပင်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now