135

1.9K 371 6
                                    

၁၃၅။ ဇွန်ဘီပဲ

ယန်ကျင်းဟွာ၏ကိုယ်ကို ရေခဲလွှာက ကာထားသည်ကို မြင်ရသည်။ သူ့ကိုတိုက်လိုက်တိုင်း ရေခဲသားကို ထိမိသဖြင့် သံထည်ကို တိုက်မိသလို အသံမျိုးက ထွက်နေသည်။

ယန်ကျင်းဟွာသည်သာ ဒီအသံက ဘာဖြစ်လို့ ထွက်နေသလဲ သိလေသည်။ ဒါသည် မုန်တိုင်းထဲက လေဓားများဖြင့် တိုက်နေသောကြောင့် ဖြစ်သည်။ ပုံမှန်လေဓားများသည် မြင်ရသော်လည်း ဒီဇွန်ဘီမငယ်လေး၏ လေဓားများကတော့ လုံးဝကို မမြင်နိုင်ပေ။ လေဓားများသည် သူ့အား အလျားလိုက်လာဖြတ်နေပုံရသည်။

ယန်ကျင်းဟွာသည် လေဖြင့်ဒီလိုတိုက်ခိုက်နိုင်သည့် လေစွမ်းအားရှင်ကိုတောင် မမြင်ဖူးပေ။ ဖုံးကွယဉ်ထားသည့်တိမ်တိုက်ခေါင်းဆောင် လုကျိုးဖန်တောင်မှ အဆင့်၇ လေစွမ်းအားရှင်ဖြစ်သော်လည်း ဒီလိုမျိုး သန်မာသည့် လေစွမ်းအားမျိုး မရှိပေ။ လေမုန်တိုင်းကို ထိန်းချုပ်နေရင်း ဒီလိုလေဓားအများကြီးဖြင့် တိုက်ခိုက်နိုင်သည့် စိတ်စွမ်းအားသည် ဘယ်သူ့မှာမှ ဒီလိုရှိနိုင်မှာ မဟုတ်ပေ။

ဇွန်ဘီမငယ်လေး၏ စွမ်းအားကို သူအံ့သြနေရင်း ယန်ကျင်းဟွာသည် သူ့ကိုယ်သူကာကွယ်ဖို့ ရေခဲလွှာများလုပ်နေရသည်ကို မရပ်နိုင်ပေ။ သို့သော်လည်း ဇွန်ဘီမငယ်လေးကတော့ မုန်တိုင်းထဲတွင် ပုန်းကွယ်ရင်း ဆက်တိုက်နေဆဲပင်။ ယန်ကျင်းဟွာသည် သူမကိုထိခိုက်အောင် မလုပ်နိုင်ပေ။ ပြင်းထန်စွာ တိုက်ခိုက်လိုက်သော်လည်း သူ့ရေခဲများသည် လေဓားများကြောင့် ကြေမွကုန်သည်။

လင်းချင်းသည် ချူလီလီနှင့် ယန်ကျင်းဟွာတို့ တိုက်ပွဲကို ကြည့်လိုက်သည်။ ချူးလီလီက ယန်ကျင်းဟွာကို ဖိအားပေးနိုင်ပြီးတော့ ပြင်းထန်စွာတိုက်မှ ဒီအခြေအနေကနေ ရုန်းမထွက်နိုင်မည်ကို သိလိုက်ရသည်။

လူများအပေါ်သို့ ရောက်လာသည့်အခါ ယွမ်ထန်ရှင်းသည် လင်းချင်းကို ခေါင်းအစ ခြေအဆုံးကြည့်ပြီးနောက် ယန်ကျင်းဟွာကို လှည့်ကြည့်လိုက်သည်။

လင်းချင်းထင်သလိုပင် ယန်ကျင်းဟွာသည် ပြင်းထန်စွာ စတိုက်လိုက်သည်။ အဖြူရောင်အလင်းများသည် ရေခဲထဲမှ တောက်ပစွာ ထွက်လာသည်။ အရမ်းပြင်းထန်လွန်းသည့် စွမ်းအင်များက ပေါက်ကွဲလာတာ ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now