26

2.4K 459 1
                                    

၂၆။ ရှားပါးဇွန်ဘီ

ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် တူညီသည့်အတွေးများဖြင့် သူမကို လှည့်ကြည့်ကြသည်။

မုန့်ယွဲ့သည် သူမပြောသည်ကို ရုတ်တရက် နားလည်သွားပြီး
"အဲ့ဒါကြောင့် ညီမရဲ့အာရုံက အားနည်းနေတာကိုး။ ညီမတို့နဲ့ နယ်မြေခြားသွားလို့ ဖြစ်ရမယ်။ တော်သေးတာက သူ့အဆင့်က အရမ်းမမြင့်သေးဘူး။ သူသာ အဆင့်ပိုမြင့်သွားရင် ဒီလိုအားနည်းတာကိုတောင် ညီမအာရုံခံရမှာ မဟုတ်တော့ဘူး"

ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့အား မဲ့ပြုံးဖြင့် ကြည့်ကာ
"ကြည့် မင်းက မိုးကြိုးပစ်ချလိုက်တော့ ထွက်ပြေးသွားပြီ အခုငါတို့ ဘယ်လိုလုပ်ရှာတော့မလဲ? သူ့နယ်မြေက ရွေ့လို့ရတယ်ဆိုရင် သူပြန်ထွက်လာတာနဲ့ တခြားနေရာရောက်သွားမှာ"

သူပြောသည်ကိုကြားသည်နှင့် ဝူချန်းယွဲ့၏ မျက်နှာသည် မည်းသည်းသွားသည်။ သူ့၏နူးညံ့မှုတို့သည် ပျောက်ဆုံးသွားလေပြီ။

ထိုအခါ မုန့်ယွဲ့သည် ရှောင်ယွင့်လုံအား ဒေါသတကြီးဖြင့်
"နင်ဘာဖြစ်နေတာလဲ? လင်းလင်းကို စိတ်မပူဘူးလား? တကယ်လို့ ဇွန်ဘီကသာ လင်းလင်းကို အစာအဖြစ် ထိန်းထားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ? တော်ကြာ နယ်မြေထဲကို ပြန်ရောက်သွားလို့ စိတ်တိုပြီး လင်းလင်းကို စားပစ်လိုက်ရင်ရော?"

ရှောင်ယွင့်လုံက နှာခေါင်းရှုံ့ကာ ပြောသည်။
"ငါဘာမှမလုပ်ဘူး ဒီဇွန်ဘီက တခြားအဆင့်မြင့်ဇွန်ဘီတွေနဲ့ မတူတာကို နင်မသိတာပဲ အံ့သြတယ်"

ဝူချန်းယွဲ့က ဘာမှပြန်မပြောဘဲ သူ့ကိုကြည့်လာသည်။

မုန့်ယွဲ့သည် အံ့သြကာ မေးသည်။
"ဘာက ထူးခြားနေလို့လဲ?"

ရှောင်ယွင့်လုံက
"အဆင့်မြင့်ဇွန်ဘီတွေက အသိညဏ်ရှိတယ်။ သူတို့အပြုအမှုတွေက လူတွေကို လိုက်အတုယူတော့ လူတွေလိုပဲ။ ဒါပင်မယ့် ငါမြင်သလောက်ဆိုရင် ခုနက ဒီဇွန်ဘီက တခြားဇွန်ဘီတွေလို လူတွေအပေါ် ရန်လိုနေတာမရှိဘူး။ ပြီးတော့လည်း သူ့ရဲ့လူဆန်တဲ့အပြုအမှုတွေက သဘာဝကျလွန်းတယ်။ တုပထားတာမျိုး မဟုတ်ဘူး"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now