106

2K 435 9
                                    

၁၀၆။ လူနှင့်ဇွန်ဘီကြားက သဘောတူညီချက်

လုံချင်းယင်သည် တူယွမ်ရှင်း၏ နေကာမျက်မှန်ကြီးကို တပ်ထားသည့် လင်းချင်းကို ကြည့်လိုက်သည်။ ထို့နောက် လင်းချင်းအား မေးလိုက်သည်။
"နင်. . .ငါတို့ကို ကယ်လိုက်တာလား?"

လုံချင်းယင်သည် သူမသတိမလစ်ခင်တုန်းက ခေါင်းကြီးဇွန်ဘီက တိုက်ခိုက်သော်လည်း သူတို့အဖွဲ့မှာ ဘယ်သူမှ ပြန်မတိုက်နိုင်တော့ကြောင်းကို သိသည်။ ထိုအချိန်တုန်းက သူမသည် ဒုက္ခရောက်နေသော်လည်း ပြန်တိုက်ဖို့ ဘယ်လိုမှ မလုပ်နိုင်ခဲ့ပေ။

ထို့နောက် ခေါင်းကြီးဇွန်ဘီ၏ ခေါင်းထဲသို့ လက်သည်းများက တိကျမြန်ဆန်စွာ တိုက်ခိုက်သည်ကို မြင်လိုက်သည်။ ထို့နောက် ခေါင်းကြီးဇွန်ဘီ၏ အော်သံကြောင့် သူတို့အား မေ့လဲအောင် စူးရှစွာ အော်ခဲ့သည်။

ပတ်ဝန်းကျင်ကို ကြည့်သည့်အခါ ဟိုတယ်ခန်းဖြစ်ကြောင်း တွေ့ရသည်။ ကမ္ဘာမပျက်ခင်က အပြင်အဆင်များဖြင့် ဖြစ်သည်။ အခန်းသည် သပ်သပ်ရပ်ရပ်မရှိကာ ဖုန်ထူနေသဖြင့် ဘယ်သူမှမရောက်ဖူးတာ သိသာလွန်းသည်။

လုံချင်းယင်သည် လင်းချင်းကို စကားပြောသည်မှာ အရင်က သူမတို့အား စာဖြင့်ရေးပြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် ဘယ်လိုဆက်သွယ်ရမလဲ သိသောကြောင့် သူမစကားပြောကြည့်တာ ဖြစ်သည်။

လင်းချင်းက တည်ငြိမ်စွာ ခေါင်းငြိမ့်ပြသည်။

နေကာမျက်မှန်ကြီးဖြင့် လင်းချင်းကိုကြည့်ကာ လုံချင်းယင်သည် နားမလည်စွာဖြင့်
"ဇွန်ဘီဆိုပင်မယ့်. . .ငါတို့စကားကို ဘယ်လိုလုပ် နားလည်နေတာလဲ? စာလည်းရေးတက်တယ် ပြီးတော့ ငါတို့လည်းကယ်သေးတယ်။ တကယ့်ကို ဇွန်ဘီလား?"

လင်းချင်းသည် သူမ၏လက်သည်းများကို ထုတ်ပြလိုက်သည်။

"ဘာဖြစ်လို့ ကယ်တာလဲ? မစားဘူးလား? ဇွန်ဘီတိုင်းက လူသားစားတယ်မလား?"
လုံချင်းယင်က မေးသည်။

လင်းချင်းသည် စာအုပ်ဖြင့် စာရေးပြသည်။
"ငါကဇွန်ဘီပင်မယ့် သာမန်ဇွန်ဘီတွေနဲ့ ကွာတယ္။ လူသားစားဖို့ မလိုဘူး။ နင်တို့ကို ကယ်တယ်ဆိုတာက လူတစ်ချို့အကြောင်း မေးချင်တာရှိလို့"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now