124

1.8K 347 1
                                    

၁၂၄။ ခန်းခြောက်သွားတဲ့ ယန်ချောင်း

ယန်ချောင်း၏အလောင်းကို ကမ်းစပ်သို့ သယ်လာသည့်အခါ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် သူတို့မြင်လိုက်ရသည်ကို နားမလည်နိုင်ဖြစ်သွားသည်။ လင်းချင်းကတော့ ဘာဖြစ်သလဲကို သေချာပေါက်သိတာပေါ့။

ယန်းချောင်းမှာ ရေထဲကိုမြုပ်သွားတည်းက လင်းချင်းသည် ထူးဆန်းနေတာကို သိလိုက်သည်။ အစကတော့ သက်ရှိလူသားဖြစ်သော်လည်း အခုတော့ အသက်မဲ့နေသည့် အလောင်းဖြစ်နေပြီ။ သို့သော်လည်း သူ့အလောင်းသည် ပုံမှန်အလောင်းများလို မဟုတ်ဘဲ ပေါ့ရွှတ်နေသည်။ ဝိတ်တစ်ဝက်လောက်ကျသွားသလို သူမခံစားရသည်။ သူ့ကိုယ်သည် သုံးဆယ်ကီလိုဂရမ်လောက်ရှိသောကြောင့် ပုံမှန်အလောင်းများထက် ပိုလေးသင့်တာဖြစ်သည်။ လူ့ကိုယ်သည် သေသွားသည့်အခါ ရှင်စဉ်ကထက် ပို၍ဝိတ်များတက်သည်။

ဘာဖြစ်လို့ ယန်ချောင်း၏ကိုယ်က အရမ်းပေါ့သွားရသနည်း? သိသိသာသာပေါ့သွားရုံတင်မကဘဲ သူ့အရည်ပြားများသည် ခြောက်ကပ်ကာ ကြွက်သားများလည်း ရှုံ့တွနေသည်။

"ဘာ. . .ဘာဖြစ်တာလဲ? ခြောက်ကပ်သွားတာလား?"
တူယွမ်ရှင်းသည် ယန်ချောင်းကို မျက်လုံးအပြူးဖြင့် ကြည့်ရင်းပြောသည်။ လွန်ခဲ့သည့် ဆယ်မိနစ်တုန်းက ယန်ချောင်းသည် သူ့အားစကားပြောနေသေးခဲ့သည်။ သို့သော်လည်း အခုတော့ ဒီလိုဖြစ်သွားသည်ကို မြင်သည့်အခါ တူယွမ်ရှင်းသည် အတော်လေးကြောက်သွားသည်။

လူသေကိုမြင်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ကမ္ဘာပျက်ခေတ်တွင် အများဆုံးက လူသေများနှင့် ဇွန်ဘီများ ဖြစ်သည်။ သို့သော်လည်း ယန်ချောင်း၏ မိနစ်ပိုင်းအတွင်း ဒီလိုဆိုးဆိုးဝါးဝါးသေဆုံးခြင်းကို မြင်ရသည့်အခါ သူတကယ်ကြောက်သွားသည်။

လုံချင်းယင်ကတော့ လင်းချင်းကို နားမလည်နိုင်စွာ ကြည့်နေသည်။

"ကန်ထဲမှာ ဘာရှိနေတာလဲ? လူသားစားတဲ့တစ်ခုခုလား?"
တူယွမ်ရှင်းသည် လင်းချင်းကိုကြည့်ကာ ကြောက်လန့်တကြားမေးသည်။ အစတုန်းက သူလည်းကန်ထဲကို ပစ်ချခံလိုက်ရသောကြောင့် ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now