175

2.4K 367 21
                                    

၁၇၅။ နွယ်လေးလို့ခေါ်

လင်းချင်းသည် လက်မြှောက်လိုက်သည့်အခါ သူမထင်သလိုပင် နွယ်ပင်သည် သူမရှိရာ ကမ်းစပ်နားသို့ ရောက်လာသည်။ ထိုအခါ လင်းချင်းသည် ထိုင်ချလိုက်ကာ နွယ်ပင်ကို ကိုင်လိုက်သည်။ နွယ်ပင်သည်လည်း သူမလိုချင်သည်ကို သိသည့်အလား သူမ၏လက်ကို ရစ်ပတ်ထားသည်။

'မေမေ'

'ဟမ်? ဘယ်သူကလဲ?'

'မေမေ'

'ချီး! ဘယ်သူ့ကို အမေလာခေါ်နေတာလဲ? ဒီထူးဆန်းတဲ့နွယ်ကောင်ကတော့ ငါ့ကိုမေမေလို့ ခေါ်မနေနဲ့!'

လင်းချင်းသည် စိတ်ထဲတွင်အော်လိုက်သည်။ သူမ၏လက်ကို ရစ်ပတ်လာသည်နှင့် အမေခေါ်နေသည့် ဒီနွယ်ပင်ကို လင်းချင်းသည် စိုက်မကြည့်ဘဲ မနေနိုင်ပေ။

'ဝါး! မေမေပါ! မေမေပဲ!'

ထို့နောက် လင်းချင်း၏ ခေါင်းထဲသို့ ငိုနေသည့်အတွေးသံက ရောက်လာပြန်သည်။ ထိုနွယ်သည် လင်းချင်းအား အမေဟု ယုံကြည်နေသဖြင့် လင်းချင်းသည်လည်း ထိုနွယ်ပင်နှင့်အတူ ရောငိုချင်စိတ်ပေါက်လာသည်။

'ငါးနှစ်လောက် ဘာမှန်းမသိတော့ဘဲ ဇွန်ဘီဖြစ်နေတာက ထားဦး။ နွယ်ကိုမွေးလိုက်တာကြီးကတော့ မဖြစ်နိုင်ပါဘူး!!!'

'မွေးတာမဟုတ်ဘူး။ ရှိနေတာ!'

လင်းချင်း၏အတွေးများကို ကြားပုံရသည့် နွယ်ပင်သည် သူမ၏ခေါင်းထဲသို့ ထပ်ပို့လာသည်။

လင်းချင်းသည် ရယ်ရအခက် ငိုရအခက်ဖြစ်သွားသည်။ ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့် တွေးမိသွားသည်။

'နင့်ကိုဘယ်သူက ဒီနယ်မြေထဲမှာ စိုက်လို့လဲ? ငါကတော့ မစိုက်မိပါဘူး'

'ဝါး! မေမေကလည်း! မေမေပါဆို!'

ထိုနွယ်ပင်သည် စိတ်နုနယ်လွန်းသည့် ကလေးတစ်ယောက်လို လင်းချင်းက အသိအမှတ်မပြုမည်ကို စိုးရိမ်နေသည့်အလား ငိုသံကြီးဖြင့် တစ်ချိန်လုံးပြောနေသည်။

'မေမေ! မေမေပါ! မေမေပါပဲ! မေမေပါပဲလို့! မေမေ! မေမေ! မေမေ!'

လင်းချင်းသည်လည်း ငိုချင်လာသော်လည်း မျက်ရည်များက ထွက်မလာပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now