110

2.2K 422 7
                                    

၁၁၀။ ရန်သူတွေက ဒီမှာ

ချိုင်ဟုန်ချင်းသည် ပြတင်းပေါက်နှင့် အခန်းတံခါးတို့ပိတ်ထားသည့် အခန်းထဲမှာ နိုးလာရသော်လည်း သူ့အသင်းဖော်များရှိနေသဖြင့် မစိုးရိမ်တော့ပေ။ ခေါင်းကိုယမ်းလိုက်ပြီးနောက် သူ့ကုတင်ဘေးတွင် ရပ်နေသည့် နှစ်ယောက်ကို ကြည့်လိုက်သည်။

"ဟေး နိုးလာပြီလား? ဘယ်လိုနေလဲ? ခေါင်းကိုက်နေတုန်းလား?"
သူထထိုင်သည်နှင့် တူယွမ်ရှင်းက မေးသည်။

ချိုင်ဟုန်ချင်းသည် တူယွမ်ရှင်းပြောသလို ဖြစ်နေတာဖြစ်သည်။ ထို့ကြောင့် သူခေါင်းငြိမ့်ပြလိုက်ကာ ကုတင်ပေါ်တွင် လဲနေကြသည့် အခြားသူများကိုကြည့်ရင်း
"အင်း။ ဟင်? အကုန်လုံးက ကိုမာဝင်နေတာလား?"

တူယွမ်ရှင်းသည် သက်ပြင်းချလိုက်ကာ
"ဒါဆိုရင် မင်းအဆင်ပြေပါပြီ။ ထလိုက်. . .မကြာခင် ပြန်ကောင်းလာလိမ့်မယ်"

ချိုင်ဟုန်ချင်းသည် ဟိုတယ်ခန်းထဲတွင် ရောက်နေသည်ကို ကြည့်ရင်း
"ဟင်? ဒီကိုဘယ်လိုရောက်လာတာလဲ? မေ့လဲသွားကြတာမလား?"

သူနိုးလာသည့်အခါ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့ကလွဲ၍ အကုန်လုံးသည် သတိမေ့လေရာ သူတို့က ဘယ်သူက သယ်လာပေးသလဲ သိချင်သွားသည်။ သို့သော်လည်း ဇွန်ဘီများကို ရှောင်ရှားကာ ဒီအထိ အဖွဲ့သားတိုင်းကို ဘယ်လိုလုပ်သယ်ပေးနိုင်ရသနည်း?

တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် တပြိုင်တည်း ခေါင်းခါလိုက်ကြသည်။ တူယွမ်ရှင်းက လုံချင်းယင်ကိုကြည့်ကာ
"ငါလည်း သတိမေ့နေတာ။ ငါ့အရင်တော့ လုံချင်းယင်က နိုးနေတာပဲ"

လုံချင်းယင်သည် သူ့ကိုကြည့်ကာ ဘာမှပြန်မပြောပေ။ နှစ်ယောက်လုံးက သူတို့ကို ဇွန်ဘီသယ်လာပေးသည်ကို သိသော်လည်း ဘယ်လိုသယ်လာပေးသလဲ ဆိုသည်ကိုတော့ သူတို့မသိကြပေ။

"ဟင်? မေ့သွားတယ်? နင်ကတော့ မေ့မသွားပါဘူး မဟုတ်လား?"
ချိုင်ဟုန်ချင်းသည် တူယွမ်ရှင်းကို တအံ့တသြကြည့်ပြီးနောက် လုံချင်းယင်ကို ကြည့်ကာ ပြောသည်။ ခေါင်းကြီးဇွန်ဘီ၏ အော်သံက အားကောင်းသည်မှန်သော်လည်း တစ်ဖွဲ့လုံး သတိလစ်သွားလောက်သည့်အထိတော့ မထင်ထားမိပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now