156

1.9K 368 5
                                    

၁၅၆။ နယ်မြေက ပိုကြီးသွားတယ်

"အဆိပ်မြူ? ဒါဆိုရင် အဆိပ်ပါနေတာမလား?"
လင်းချင်းက ခနတွေးမိသွားသည်။ သူမ၏ အသစ်တိုးတက်လာသည့်အမြူများကို စမ်းသပ်ရန် သူတို့နှင့် ဝေးရာတစ်ဖက်သို့ အမြန်ပြေးသွားသည်။ သူမသည် လက်ဝါးကို ချုံနွယ်များဘက်ကို ချထားလိုက်သည်။

'လက်ကနေထွက်လာ! လက်ကနေထွက်လာ!'
သူမသည် စိတ်ထဲက ရေရွတ်သည်။ ထိုအခါ သူမ၏ဦးနှောက်က နွေးထွေးမှုကို ခံစားမိကာ ဗိုက်ကနေ ပုခုံး၊ ထို့နောက် လက်များသို့ ရောက်လာသည်။ ထိုအခါ အနက်ရောင်မြူခိုးလေးသည် သူမ၏လက်ဝါးမှ ထွက်လာသည်။

ထိုမြူခိုးနက်သည် လက်ဝါးကနေ ထွက်လာကာ မြက်များရှိသည့် မြေပြင်ကိုထိသွားသည်။ နောက်အဖြစ်ကတော့ လူတိုင်းအား ရင်လေးစေသည်။ မြူခိုးနက်သည် အပင်ကိုအဆိပ်ဖြစ်စေတာ မဟုတ်ဘြ ပျောက်ကွယ်အောင် လုပ်လိုက်ခြင်းပင်။ မြူခိုးနက်က အပင်ကို စားပစ်လိုက်ခြင်းဆိုလျှင် ပိုမှန်လိမ့်မည်။ မြူခိုးနက်ကြောင့် မြက်များရှင်းသွားသည်ကိုကြည့်ရင်း လင်းချင်းသည် ကြောင်အသွားသည်။

ဒီမြူခိုးနက်က ဝါးမြိုနိုင်မည်ဟု မထင်ခဲ့ပေ။ လင်းချင်းသည် နွားစားခံရသဖြင့် ရှင်းနေသလိုမျိုးဖြစ်သွားသည့် မြက်ခင်းကို ထိုင်ကြည့်နေသည်။ မြူခိုးနက်ကို လင်းချင်းက ပြန်မသိမ်းလျှင် မသိမ်းခြင်း မြက်များကို ဝါးမြိုနေသည်က မရပ်ခဲ့ပေ။ မြူခိုးနက်ဖြင့် ထိလိုက်သည့် မြက်ရွက်သည် ချက်ချင်းမဲပြီးနောက် ပုပ်သွားကာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ချလိုက်သည့်နေရာမှနေ မြက်ခင်းကိုပုပ်သိုးကာ ပျောက်ကွယ်စေခြင်းက ပျံ့နှံ့လာသည်။ ပိုဝေးဝေးကို ရောက်လေလေ ပုပ်သိုးနှုန်းကနှေးလေလေ ဖြစ်သည်။ လင်းချင်းသည် ဒီလိုပျံ့နှံ့ခြင်းက တိကျသည့်အရွယ်တစ်ခုကို မရောက်မခြင်း မရပ်ဘူးဟု ခန့်မှန်းမိသည်။ တစ်မီတာပတ်လည်လောက်ကို ပျံ့နေပြီဖြစ်သော်လည်း ဒီထက်ပိုပြီးပျံ့နှံ့နိုင်ပုံရသည်။

လင်းချင်းက ထိုင်ကြည့်နေသော်လည်း ထိုမြူခိုးနက်များက သူမကိုမှ ထိခိုက်အောင်မလုပ်ပေ။ သို့သော်လည်း ဖိနပ်ကတော့. . .လင်းချင်းသည် ခြေထောက်အောက်မှ ထူးဆန်းသလို ခံစားရသဖြင့် နောက်သို့ထဆုတ်လိုက်ရသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now