169

1.5K 309 0
                                    

၁၆၉။ မိသားစုအရှိန်အဝါ

လင်းချင်းသည် တံခါးကို လုံးဝမဖွင့်လိုက်သဖြင့် လုကျွင်းကျားသည် ကျွင်းကျွင်းနှင့် တုံတုံတို့ကို မမြင်ပေ။ ထိုအချိန်တွင် တုံတုံက စကားပြောလာသည်။
"မေမေ သားဗိုက်ဆာတယ်"

လင်းချင်းသည် ကောင်လေးကို လှည့်ကြည့်လိုက်သည့်အခါ အစာစားချိန်ဖြစ်၍ ကလေးမှာ အစာစားသင့်ပြီဖြစ်ကြောင်း သိလိုက်သည်။

လုကျွင်းကျားသည် လင်းချင်းအား အံ့သြမှုနှင့် သံသယတို့ဖြင့် ကြည့်လိုက်သည်။ သူသည် အခန်းထဲသို့ ခေါင်းငဲ့ကြည့်ဖို့လုပ်ရင်း မယုံနိုင်စွာဖြင့် မေးသည်။
"အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတာလား?"

တကယ်တော့ အခန်းထဲမှာ ကလေးရှိလားဟု မေးချင်တာဖြစ်သည်။ သို့သော်လည်း ထိုကလေးက မေမေဟု ခေါ်သံကြားသည့်အခါ အခန်းထဲတွင် သက်ရှိနှစ်ယောက်လောက်ရှိနေလောက်သည်ဟု တွေးမိလိုက်သည်။

လင်းချင်းသည် ဘာကိုမှ လျို့ဝှက်စရာမရှိသဖြင့် တံခါးကို လုံးဝဖွင့်ပြလိုက်သည်။ လင်းဖန်နှင့် အခြားသူများနှင့်အတူ နေဖို့လမ်းရှာနေသည်ဖြစ်ရာ သူတို့သည် သူမတွင် မကောင်းသည့် ရည်ရွယ်ချက်မရှိကြောင်း သိဖို့လိုသည်။ သူတို့အချင်းချင်းလည်း တွေ့နေမှာ ဖြစ်သောကြောင့် သိထားရန်လိုသည်။

တံခါးဖွင့်လာသည့်အခါ လုကျွင်းကျားသည် ကလေးကိုချီထားသည့် ဇွန်ဘီမကို တွေ့လိုက်ရသည်။ ကလေးသည် ဇွန်ဘီမ၏ လည်ပင်းကို သိုင်းဖက်ထားကာ စကားပြောနေသည်။
"မေမေ ဗိုက်ဆာတယ်"

လင်းချင်းက တံခါးဖွင့်ပြလိုက်သည့်အခါ ကျွင်းကျွင်းသည် တံခါးအပြင်ဘက်က သူစိမ်းကို သတိအပြည့်ဖြင့် ကြည့်လိုက်သည်။

လူသားကလေးတစ်ယောက်ကို ဇွန်ဘီတစ်ကောင်က ချီထားသည်ကို တွေ့လိုက်သည်အ့ခါ လုကျွင်းကျားသည် အခန်းထဲသို့ ချက်ချင်းဝင်သွားသည်။ သူ့မျက်လုံးထဲတွင် ကလေးမှာ ဇွန်ဘီဖြင့် အတူနေဖို့ အန္တရာယ်များလွန်းသည်။

လင်းချင်းသည် သူ့အားလက်ဖြင့်ဆွဲတားလိုက်ကာ လေသံအတက်အကျမရှိဘဲ
"စိတ်မပူနဲ့"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now