14

2.6K 475 0
                                    

၁၄။ အသံတိတ်ဆက်သွယ်ခြင်း

လင်းချင်းသည် စိတ်ပူကာ လူကတောင့်ခဲသွားသည်။ သူမဘယ်လိုလုပ်ရမလဲမသိသော်လည်း ကလေးမလေး၏အနားကို ကပ်မရတာတော့သိသည်။ သူမလုပ်နိုင်တာဟူ၍ အနောက်သို့ ခြေတစ်လှမ်းနှစ်လှမ်းလုပ်ကာ ဘယ်လိုတုန့်ပြန်မလဲ ကြည့်ရုံသာ ဖြစ်သည်။

သူမလုပ်ချင်သည်က ကလေးကို ရေကန်သို့ ခေါ်သွားကာ ရေသောက်စေချင်သည်။ သူမကိုယ်တိုင် ရေကန်ထဲမှာ ရေချိုးထားတော့ ရောဂါပိုးရှိမရှိ မသိပေ။ သို့သော်လည်း နယ်မြေထဲသို့ ကလေးမလေးကို ထည့်ထားတုန်းက သူမရေတိုက်လိုက်သေးသည်။ အခုအထိ ဘာမှမဖြစ်သောကြောင့် ရေသန့်ကြောင်း သေချာပြီ။

လင်းချင်းက နောက်သို့ဆုတ်လိုက်သည့်အခါ ဝူယွဲ့လင်း၏ မျက်လုံးများသည် တောက်ပလာသည်။ ခုနတုန်းက ကြောက်ရွံ့မှုနှင့် စိတ်အားငယ်ချင်းတို့က ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့နောက် လင်းချင်းအား စပ်စုစိတ်ဖြင့်ပဲ ကြည့်နေသည်။

ကလေးများ၏ စိတ်အပြောင်းအလဲက တကယ့်ကို မြန်ဆန်လွန်းသည်။ လင်းချင်း၏ ကြောက်စရာ ဇွန်ဘီမျက်နှာကို စမြင်စဉ်တုန်းက သူမကြောက်သည်။ နှစ်ခါ သုံးခါမြင်နေရတော့ သိပ်မကြောက်တော့ပေ။ ထို့အတူ နောက်သို့ပြန်ဆုတ်သွားသည့်အခါ မေးခွန်းထွက်လာသည်။
'ဇွန်ဘီက မစားသေးဘူးလား?'

ဝူယွဲ့လင်းသည် အရမ်းငယ်သေးသော်လည်း ဇွန်ဘီတွေကို မြင်ဖူးသည်။ သူမမြင်ဖူးသလောက် လူမြင်သည်နှင့် ဆိုးဆိုးဝါးဝါး တက်ကိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်သည်။ ထို့ကြောင့် အရမ်းကြောက်နေမိကာ စိတ်ဒဏ်ရာလို ဖြစ်နေခဲ့သည်။

'ဇွန်ဘီက ဘာဖြစ်လို့ ခုန်မကိုက်သေးတာလဲ? အနားလာဖို့ ကြောက်သလိုမျိုး ဘာဖြစ်လို့ ရပ်နေတာလဲ?'
ဝူယွဲ့လင်း၏ ခေါင်းလေးထဲတွင် ဝေဝေဝါးဝါးဖြစ်လာသည်။ သူမသည် ဒီဇွန်ဘီကို သိပ်မကြောက်တော့သလိုလည်း ခံဏားရသည်။ အရင်တုန်းက သူမလန့်အော်လိုက်တုန်းက ဒီဇွန်ဘီလည်း ဆံပင်တွေ ထောင်မတက် လန့်ပြီးခုန်သွားတာကို သူမပြန်သတိရလိုက်သည်။

တစ်ဖက်တွင် လင်းချင်းသည်လည်း ဝူယွဲ့လင်း၏ အပြုအမူတိုင်းကို သတိထားကြည့်နေသည်။ ကလေးမလေး၏ ကြောက်နေသည့် မျက်နှာအမူအယာက စပ်စုနေသည့် ရုပ်ကလေးသို့ ပြောင်းသွားခြင်းကို သူမသတိထားမိလိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now