38

2.4K 465 1
                                    

၃၈။ သန္ဓေပြောင်းဇွန်ဘီ

အရမ်ရှည်ကာ သန်သန်မာမာ ယောက်ျားကြီးတစ်ယောက်က အားပျော့စွာဖြင့် ဗိုက်ဆာတယ်ဟု ပြောနေသည်ကို ကြားရသည့်အခါ လင်းချင်းသည် လက်မခံနိုင်စရာကြီးလို ခံစားလိုက်ရသည်။

သူမတင်သာမက ရှဲ့တုန်းကိုယ်တိုင်လည်း သူ့ဆီက ဒီလိုအသံထွက်လာသည့်အခါ ဆွံအလို့သာနေသည်။ သူသည် မျက်လုံးအပြူးသားဖြင့် သူ့လည်ပင်းကိုထိကာ ထူးဆန်းသလို ခံစားလိုက်ရသည်။ သူ့မျက်လုံးများသည် စိတ်ရှုပ်ထွေးမှုကြောင့် ကျဉ်းမြောင်းသွားကာ တစ်ခုခုကို တွေးနေပုံရသည်။

လင်းချင်းသည် သူ့ဘေးတွင်ရပ်နေကာ သူ့အပြုအမှုကိုကြည့်ရင်း အံ့သြနေသည်။
'ထူးဆန်းတယ် တကယ်ကိုထူးဆန်းတာ'

ဇွန်ဘီပိုးဝင်ကြောင့် ဇွန်ဘီပြောင်းဖို့ဆိုရင် အနည်းဆုံး ၁၂နာရီလောက်ကြာတယ်။ ဒါပင်မယ့်လည်း ဒီလိုပြောင်းလဲသွားတာက သူ့အတွက် နာရီဝက်လောက်တောင် ကြာပုံမရဘူး။ ဒါကအရမ်းမြန်လွန်းသည်။ ဇွန်ဘီပိုးက ပိုပြင်းလာလို့လား? ဒါပင်မယ့်လည်း ဘာဖြစ်လို့ လူသားရုပ်က ရှိနေသေးတာလဲ?

ဇွန်ဘီများသည် အပြာရောင် သို့မဟုတ် အနက်ရောင်သွေးကြောများ ရှိကြကာ ပြဲနေသည့် ပါးစပ်ကြီးများ ရှိကြသည်။ တချို့ဇွန်ဘီများသာ ထူးဆန်းစွာ ပြောင်းလဲကြတာ ဖြစ်သည်။ ဉပမာ လင်းချင်းလိုပင်။ ထို့ကြောင့် ဝူချန်းယွဲ့သည် ဇွန်ဘီလင်းချင်းအား တွေ့သည့်အခါမှာ သူ့သမီးကို ပြန်ပေးဆွဲကာ သူ့ကိုမပြောကောင်းသည့်အရာလုပ်သွားသည့် လုထန်ယုဖြစ်ကြောင်းကို မသိလိုက်တာ ဖြစ်သည်။ မဟုတ်လျှင် သူမကို ပြာကျအောင် မိုးကြိုးဖြင့် ပစ်ချမှာပင်။

သို့သော်လည်း ရှဲ့တုန်း၏မျက်နှာသည် အခြေအနေကောင်းနေဆဲပင်။ သွေးကြောအမည်းများသည် သူ့မျက်နှာမှ ပျောက်ကွယ်သွားကာ အပြာရောင် အသားအရည်ကလွဲလျှင် ကျန်သည့်ရုပ်ရည်က အရင်ကအတိုင်းပင်။ သူ့မျက်လုံးများက ပြောင်းလဲသွားသည်မှန်သော်လည်း အရောင်မပြောင်းသဖြင့် သေချာမကြည့်လျှင် ဘယ်သူကမှ သိမှာမဟုတ်ပေ။

စိတ်ရှုပ်နေသည့် ရှဲ့တုန်းသည် သူရုတ်တရတ်ပြောင်းလဲသွားခြင်းကို ခက်ခဲစွာ တွေးပြီးနောက် သူ့မျက်လုံးများသည် မယုံနိုင်စွာဖြင့် တောက်ပသွားသည်။ သူ့အားကြည့်နေသည့် လင်းချင်းကို ခေါင်းထောင်ကြည့်ပြီးနောက် ပေါ့ပါးသေသပ်စွာထလာသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now