82

2.6K 527 22
                                    

၈၂။ ကန်ရေနှင့် မြွေစွပ်ပြုတ်လုပ်မယ်

လင်းချင်းသည် ကလေး၏မျက်နှာကိုကြည့်ကာ နယ်မြေထဲမှ ထွက်လာသည်။ သူမသည် သစ်ချောင်းအခြောက်များကို စုဆောင်းရန် သစ်တောထဲသို့ သွားပြီးမှ ပြန်လာခဲ့သည်။ ထို့နောက် သူမသည် ကန်ဘေးတွင် မီးဖိုလေးတစ်ခုကို ကျောက်တုံးများဖြင့် ပြုလုပ်လေသည်။

သူမ၏နယ်မြေထဲတွင် အခုဘာမှသိပ်မရှိသော်လည်း အခုသူမလိုသည်က အိုးတစ်လုံးသာ ဖြစ်သည်။ အရင်တုန်းက ရှဲ့တုန်းသည် အိုးကိုဖျက်စီးလိုက်သောလည်း အခုတော့ သူမတွင် အများကြီးရှိနေပြီ။ ကျွင်းကျွင်းတို့၏ တိုက်ခန်းမှ သူမအသုံးဝင်သည့် ပစ္စည်းများစွာ ရခဲ့သလို အနားရှိစတိုးဆိုင်မှလည်း သူမရခဲ့သေးသည်။

လင်းချင်းသည် မြက်ခင်းပေါ်မှ ဖရုံသီးများကိုကြည့်ကာ စာရေးပြလိုက်သည်။
'ငါသူ့အတွက် မြွေသားစွပ်ပြုပ်လုပ်ပေးမယ်'

ကျွင်းကျွင်းသည် ခနတုန့်သွားကာ လင်းချင်းအား တွေဝေစွာကြည့်သည်။ လင်းချင်းက သူမ၏စိတ်ကိုဖတ်ရသဖြင့် သူမဘာတွေးနေသလဲသိသည်။ သူမတွေးနေသည်မှာ မြွေသည် သန္ဓေပြောင်းကောင်ဖြစ်ကာ ရောဂါပိုးရှိနေသည်။ ကလေးစားလို့ရပါ့မလား? ကလေးပါ ရောဂါကူးသွားမလား? စိုးရိမ်နေတာ ဖြစ်သည်။

လင်းချင်းသည် စာရွက်ထုတ်ပြီး ဆက်ရေးသည်။
'ငါပြောခဲ့ဖူးသလိုပဲ။ ဒီကန်ရေက ပိုးကိုသေစေတယ်။ မြွေသားက ကန်ရေထဲမှာ စိမ်ထားတာကြာပြီ။ နောက်ပြီးတော့လည်း ငါရေနဲ့ပြုတ်လိုက်ဦးမှာ။ ပိုးကမရှိလောက်တော့ပါဘူး'

ဒီစာကို ကျွင်းကျွင်းအား ပြပြီးသည်နှင့် သူမသည် မီးဖိုရန်လုပ်တော့သည်။ ချက်ပြုတ်ရခြင်းက သူမအတွက် မခက်ခဲပေ။ သူမတို့လေ့ကျင့်ရေးဆင်းတုန်းက အများကြီးလုပ်ဖူးခဲ့သဖြင့် တောထဲတွင် ဘယ်လိုချက်ရမလဲ သူမသေချာသိသည်။ ပြီးတော့လည်း သူမသည် စတိုးဆိုင်မှာ ကောင်းနေသေးသည့် မီးခြစ်တစ်လုံးတွေ့ခဲ့သေးသည်။ သို့သော်လည်း သူမတွင်ဆားမရှိသဖြင့် စွပ်ပြုတ်မှာ အရသာရှိမှာ မဟုတ်ပေ။ သို့သော်လည်း ဘာမှမရှိသည်ထက်တော့ ပိုကောင်းပါသေးသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now