70

2.5K 523 8
                                    

၇၀။ ကလေးနိုးလာပြီ

အခန်းထဲက ပရိဘောဂများကုန်အောင် သိမ်းပြီးသည့်အခါ လင်းချင်းသည် ကုတင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဧည့်ခန်းနှင့် နောက်အိပ်ခန်းတစ်ခုထဲမှ ပစ္စည်းများသိမ်းရန် လှည့်ထွက်သွားသည်။ မီးဖိုချောင်ကိုလည်း အလွတ်မပေးဘဲ သိမ်းလာခဲ့သည်။ရှဲ့တုန်းသာ ဒီမှာရှိနေပါက မီးကိစ္စအတွက် သူကကူညီပေးနိုင်မှာဖြစ်သည်။ အခုတော့ ရှဲ့တုန်းမရှိသည့်အခါ မီးသည်ခနပြတ်လတ်နေသည်။

တိုက်ခန်းတစ်ခုလုံးကို သိမ်းပြီးသည့်အခါ လင်းချင်းသည် အိပ်ခန်းထဲသို့ ပြန်လာသည်။ ဇွန်ဘီမသည် ကုတင်ဘေးတွင်ရပ်နေကာ ကုတင်ပေါ်က ကလေးကိုကြည့်နေဆဲ ဖြစ်သည်။ လင်းချင်းသည် ကုတင်နားသို့ လျှောက်လာကာ ကလေး၏အခြေအနေကိုကြည့်လိုက်သည့်အခါ အစိမ်းရောင်စွမ်းအင်သည် ကုန်လုနီးပါးဖြစ်နေပြီ။ အခုတော့ ကလေးဆီမှ အသက်လုနီးပါးဖြစ်နေခြင်းထက် အသက်စွမ်းအင်သည် အတွင်းကလီစာများတွင် အခုပြန်ရှိနေပြီ ဖြစ်သည်။

'အခုငါသူ့ကို နယ်မြေထဲကို ခေါ်သွားလိုက်မယ်။ နင်စိတ်ပူရင် တစ်ချက်ကြည့်ရအောင် လိုက်ခဲ့'
သူမသည် ဇွန်ဘီမအား ရေးပြလိုက်သည်။ စာဖတ်ပြီးသည့်အခါ ဇွန်ဘီမသည် ခေါင်းငြိမ့်ပြသည်။

လင်းချင်းသည် သူမ၏ပုခုံးကိုကိုင်ကာ နှစ်ယောက်လုံး အခန်းထဲမှ ပျောက်သွားကြသည်။ ဇွန်ဘီမသည် အရောင်မမြင်နိုင်သည်ဖြစ်ရာ အကုန်လုံးကို အဖြူအမဲသာ မြင်ရသည်။ သူမ၏မျက်လုံးများ ခနဝေဝါးသွားပြီးနောက် မြက်ခင်းပြင်ကို မီးခိုးရောင်အဖြစ် သူမမြင်လိုက်ရသည်။

သူမသည် တအံ့တသြလှည့်ကြည့်လိုက်သည့်အခါ မြက်ခင်းပြင်သာမက ရေကန်ကြီးတစ်ခုပါရှိသည့် နယ်မြေအကြီးကြီးကို တွေ့လိုက်ရသည်။ သူမသည် ဒီနေရာတွင် ပရိဘောဂအပုံလိုက်ကြီးကိုလည်း တွေ့ရသည်။ အများစုသည် သူမတို့တိုက်ခန်းကဟာများဖြစ်သော်လည်း အချို့ကိုတော့ သူမမမြင်ဖူးပေ။

'ဒီမှာခနစောင့်။ ငါကုတင်နဲ့ ကလေးကို သွားယူလာခဲ့မယ်'
လင်းချင်းသည် စာရေးပြလိုက်သည်။ ဇွန်ဘီမက မဖြေရသေးခင်တွင် လင်းချင်းသည် ဝူယွဲ့လင်းနှင့်အတူ ထပ်ပျောက်သွားပြန်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now